My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၃၃)မျက်နှာမှာ mask.အမဲရောင်တပ်ထားပြီး ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းထားသော အမျိုးသားတစ်ဦးက Market.ထဲက ပစ္စည်းထားတဲ့စင်တွေဘက် တစ်စုံတစ်ရာကို လိုက်ရှာလို့နေသည်။
သူလိုချင်တာမတွေ့မချင်း သူက ဆက်ရှာနေဦးမည့်ပုံပင်။ ဝန်ထမ်းတွေကိုလည်း မမေးမြန်း။
“ဟဲ့ ချောတယ်နော်...”
“မျက်နှာမမြင်ရတာတောင် ပုံပန်းသွင်ပြင်ကိုကြည့်ရုံနဲ့ သူက ရုပ်ချောတယ်ဆိုတာ ငါပြောရဲတယ်...”
“အရပ်ကြီးကလည်း အရှည်ကြီးပဲ...”
ကောင်တာဘက်က ကောင်မလေးတွေထံမှ အသံတိုးသဲ့သဲ့ထွက်လာ၏။ သူက သူ့အာရုံနဲ့သူမို့မကြား။
နောက်ဆုံး သူက လိုချင်တဲ့ပစ္စည်း ရှာတွေ့သွားတဲ့ဟန်ဖြင့် စင်တစ်ခုအရှေ့မှာရပ်သွားသည်။ စကားတီးတိုးပြောနေတဲ့ကောင်မလေးတွေလည်း အသံတိတ်သွား၏။ ညအချိန်မို့ ဆိုင်ထဲမှာ ဈေးဝယ်သူ တစ်ယောက်စ၊ နှစ်ယောက်စသာရှိနေပြီး လူသိပ်မရှိ။
သူရပ်လိုက်တဲ့စင်က အမျိုးသမီးသုံးပစ္စည်းတွေထားတဲ့ စင်ဖြစ်ပြီး market.ရဲ့ နောက်ဆုံးတန်းထောင့်နားက စင်တွေဘက်မှာဖြစ်သည်။
သူလှမ်းယူလိုက်သောပစ္စည်းမှာ အမျိုးသမီးလစဉ်သုံး pad.တစ်ခု။ နာမည်ကြီးတံဆိပ် ဈေးအကောင်းထဲက ရွေးယူလာပြီး ကောင်တာဘက်ကို ငွေလာရှင်းသည်။
“ဟဲ့ လာနေပြီ လာနေပြီ...”
အသံတိတ်နေကြရာကနေ အချင်းချင်း လက်ကုပ်ကြကုန်သည်။ မေးငေါ့သူကငေါ့။ တိုးတိုး,တိုးတိုး ပြန်ဖြစ်သွားကြပြန်သည်။
“သူက အဲ့ဒါကို ဘာလုပ်မလို့လဲ?”
“အပိုင်းတစ်၊ ဇာတ်သိမ်းပိုင်း... စိတ်တောင်မကောင်းဘူး... ပိုင်ရှင်ကြီးနဲ့...”
“အိုအေ... အဲ့ပစ္စည်းဝယ်တာနဲ့ ပိုင်ရှင်ရှိရမတဲ့လား? အမေ၊ ဒါမှမဟုတ် သူ့အစ်မတွေ၊ ညီတစ်မတွေအတွက်လည်း ဖြစ်နိုင်တာပဲ...”
သူကောင်တာနားရောက်တော့ ကောင်မလေးတွေက တိခနဲ အသံတိတ်သွားကြပြန်သည်။

YOU ARE READING
My Stalker (မင်းရဲ့အရိပ်ကလေး) Completed
Romantikခဲမှန်ဖူးတဲ့စာသူငယ်မို့ အချစ်ကို နောက်တစ်ခါထပ်မယုံကြည်နိုင်တော့တဲ့ညှို့... အဲ့လိုဆုံးဖြတ်ခဲ့တာတောင် ရင်နဲ့ရင်းပြီးမောင့်အပေါ် ထပ်ချစ်ခဲ့တာလည်း ညှို့ပါပဲ... နှလုံးသားတစ်ခုလုံးက အတိတ်ရော၊ ပစ္စုပ္ပန်ရော ဒဏ်ရာဒဏ်ချက်အပြည့်နဲ့... အနာဂတ်မှာဘယ်လိုရှိမယ်မသ...