My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၇)
“ဟာ အစ်မ လာပြီလား?”
ရိုက်ကွင်းရောက်သည်နှင့် မင်းကုဋေက သူ့အကျင့်အတိုင်း အပြေးကလေးအနားရောကလာကာ ဖော်ရွေပျူငှာစွာ စီးကြိုလေသည်။
ကုဋေနဲ့စကားတပြောပြောဝင်လာရင်းက ရှူတင်ရိုက်ဖို့ပြင်ဆင်နေသောသူ့ကိုတွေ့တော့ ညှို့မျက်နှာမထားတတ်အောင်ဖြစ်ကာ ခပ်လွှဲလွှဲလုပ်လိုက်မိသည်။ သူက ဒီအတိုင်းစိုက်ကြည့်နေကာ ဘာမှမပြော။
နောက်ပြီး သူ့ဒစ်ဂျစ်တာကင်မရာကြီးဆီအကြည့်ပြန်ရောက်သွားသည်ကို ညှို့မျက်ဝန်းထောင့်ကမြင်လိုက်ရသည်။ ရင်ထဲခုလိုးခုလုဖြစ်သွားပေမယ့် ဘာကိုမကျေနပ်လို့ မကျေနပ်နေတာမှန်းမသိတော့။
တစ်ရက်က ညှို့အပြင်ကကြော်ငြာရိုက်ကွင်းတစ်ခုမှာ interview.နဲ့ဆုံတာမို့ ဟိုမေးသည်မြန်းနဲ့ စပ်မိစပ်ရာ ညှို့အခုရိုက်နေတဲ့ရုပ်ရှင်ဇာတ်ကားကြီးဆီ စကားဦးလှည့်လာခဲ့သည်။ ထိုအကြောင်းပြောရင်းက ညှို့နဲ့အတူတွဲလုပ်တဲ့အနုပညာရှင်တွေအကြောင်း၊ ရိုက်ကွင်းအကြောင်း ထိုအစ်မတွေဝိုင်းမေးကြ၍ အပျော်ပြောဖြစ်ရင်းက လျှို့ဝှက်စွာနေထိုင်တတ်တဲ့ သူ့အကြောင်းပါပါလာရ၏။
စိတ်ထဲကအကန်တွေချည်းပြောမယ်လို့တွေးထားသမျှ တကယ်ထွက်လာတော့ သူအလုပ်လုပ်တာသေသပ်တဲ့အကြောင်း၊ တော်ကြောင်း၊ အဖွဲ့သားတွေအပေါ်ကောင်းကြောင်းနဲ့ စည်းကမ်းရှိကြောင်းတွေသာ။
ဖြေတုန်းကသတိမထားလိုက်မိပေမယ့် ဟိုကတင်ထားတာပြန်ကြည့်မိတော့မှ သူမထိုလူရဲ့ကောင်းကွက်တွေကို တစ်ဒါဇင်မကပြောမိထားတာမှန်း သိရတော့သည်။ ဆိုးပြီးဒေါသကြီးတာတွေကျ ဒီပါးစပ်လေးကထည့်မပြော။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်မကျေနပ်ချင်ပါ။
ထိုအချင်းအရာက interview.တဲ့အထဲအဟော့ဆုံးဖြစ်နေကာ ဗီဒီယိုကလစ် အတိုလေးတွေဖြတ်ညှပ်ကပ်လုပ်ပြီး သူမချီးကျူးထားသမျှ၊ အမွှန်းတင်ထားသမျှ သူ့ကောင်းကြောင်းတွေကို ပြန်ရှယ်၊ပြန်မျှနဲ့ ရုပ်မမြင်ဖူးကြတာတောင် သူကဆိုရှယ်မီဒီယာပေါ်မှာ ဟော့နေတော့သည်။
YOU ARE READING
My Stalker (မင်းရဲ့အရိပ်ကလေး) Completed
Romanceခဲမှန်ဖူးတဲ့စာသူငယ်မို့ အချစ်ကို နောက်တစ်ခါထပ်မယုံကြည်နိုင်တော့တဲ့ညှို့... အဲ့လိုဆုံးဖြတ်ခဲ့တာတောင် ရင်နဲ့ရင်းပြီးမောင့်အပေါ် ထပ်ချစ်ခဲ့တာလည်း ညှို့ပါပဲ... နှလုံးသားတစ်ခုလုံးက အတိတ်ရော၊ ပစ္စုပ္ပန်ရော ဒဏ်ရာဒဏ်ချက်အပြည့်နဲ့... အနာဂတ်မှာဘယ်လိုရှိမယ်မသ...
