အပိုင်း (၃၄)

3.2K 49 0
                                        

My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၃၄)

ညှို့ရောက်သွားတော့ ပါတီပွဲမှာ လူစုံနေပြီဖြစ်သည်။

“ဟာ...  မမ ရောက်လာပြီလား? လာ...”

မွေးနေ့ရှင်ကောင်မလေးက နီရဲရဲ party dress.နဲ့ sexy ဆန်စွာလှပနေ၏။ ငယ်ရွယ်နုပျိုမှုကို ကိုယ်စားပြုတဲ့အလှတွေက သူ,မတူအောင် မြင်သူတကာကို ညှို့ယူသွားနိုင်သည်။

သို့ပေမယ့် ညှို့သူ့မအနားရောက်သွားသည်နှင့် ကောင်မလေးရဲ့အလှက မှေးမှိန်အရောင်ဖျော့သွားသလို...

ကြက်သွေးရောင် ကိုယ်အကြပ်ရေသူမဂါဝန်လေးနဲ့ညှို့က မဟာဆန်စွာ လှပတင့်တယ်နေ၏။ ဂါဝန်က ခြေမျက်စိထိအတိရှည်ပြီး ဘယ်ဘက်ဘေးမှာတော့ ပေါင်လည်လောက်အထိ ဒေါင်လိုက်အခွဲကြောင်းတစ်ခုပါသည်။

လမ်းလျှောက်တိုင်း လစ်လျဖော်ပြထားသလိုဖြစ်နေတဲ့ ခြေသလုံးဖွေးဖွေးနဲ့ ပေါင်တံသွယ်သယ်တို့က မြင်ရသူကို ရူးခါသွားစေနိုင်သည်အထိ လှသည်။

ခပ်ပါးပါးလိမ်းခြယ်ထားသော make-up lookလေးကလည်း ပန်းရောင်ပြေပြေလေးဖြစ်ကာ ညှို့နဲ့အလွန် လိုက်ဖက်လွန်းပါသည်။ နှုတ်ခမ်းပါးတို့ကိုလည်း ဂါဝန်အရောင်နဲ့လိုက်အောင် အဆီပါသော ကြက်သွေးရောင်တောက်တောက်ကို ဆိုးထား၏။

ရဲရဲနီနေတာမျိုးမဟုတ်။ မှုန်မှိုင်းတဲ့ဘက်ကိုလည်းမသွားဘဲ မိတ်ကပ်နဲ့အဝတ်အစားအရောင်က ညှို့ရဲ့ရှိရင်းစွဲအလှကို ပို၍ အရောင်တောက်သွားစေသည်။

ညှို့ပြင်ဆင်လာပုံမှာ လူငယ်လည်းမကျ၊ လူကြီးပုံစံလည်း မပေါက်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ရင့်ကျက်ပြီး နန်းဆန်နေတယ်ဆိုတာမျိုး။

မွေးနေ့ရှင်က ညှို့ကို ဝိုင်းတစ်ဝိုင်းမှာထိုင်စေပြီး ဧည့်ခံသည်။ ညှို့ရောက်လာကတည်းက ပါတီရှိလူအားလုံးရဲ့မျက်လုံးတွေကလည်း ညှို့ဆီမှာ။

ညှို့က တော်တန်ရုံယောက်ျားလေးတွေမပြောနဲ့၊ မိန်းကလေးချင်းတောင် ပြန်ကြွေပြီး မျက်နှာမခွာနိုင်ဖြစ်ရတဲ့အမျိုးသမီးလေး....

“ပါတီကဖြင့် စတောင်စနေပြီ... စုက မမမလာတော့ဘူးမှတ်နေတာ...”

“ဟုတ်တယ်... မောင် အဲ...မမချစ်သူက သူကိုယ်တိုင်လိုက်ပို့ချင်တယ်ဆိုလို့...”

My Stalker (မင်းရဲ့အရိပ်ကလေး) CompletedWhere stories live. Discover now