အပိုင်း (၃၇)

3.5K 57 0
                                        

My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၃၇)

"တက်! တက်! တက်!.."

“လိုက်လေ... သတ်!... သတ်!...”

“ဟာ... ဘာလုပ်နေတာလဲ?”

“သေကုန်ပြီ...”

“Shit!..”

“မအေ -ိုးတွေ... ရန်သူကို ဘာထင်နေတာလဲ?”

ကွန်ပြူတာဂိမ်းဆိုင်တစ်ခုအတွင်း စကားပြောသံ၊ အော်ဟစ်ဆဲဆိုသံအချို့နဲ့ ဆူညံနေ၏။ နေ့ခင်းပိုင်းဖြစ်တာတောင် ဆိုင်က အမှောင်ကျနေဆဲ။

ထိုဆိုင်ရဲ့ ချောင်ကျတဲ့ထောင့်စွန်းမှာ လူငယ်တစ်ယောက်က တိတ်တိတ်ဆိတ်ဆိတ်ပင် ကွန်ပြူတာသုံးလျက်ရှိသည်။

သူက ရင်ဘတ်မှာ demon.ပုံနဲ့စာသားပါသည့် အနက်ရောင်တီရှပ်တစ်ထည်ကိုဝတ်ဆင်ထားပြီး အပေါ်က ထပ်ဝတ်ထားသည့် ကုတ်လက်ရှည်မှာလည်း အမဲရောင်သာဖြစ်သည်။ ထိုမျှမကသေး။ အောက်ကဘောင်းဘီအရောင်ကလည်း အမဲရောင်။

မျက်နှာမှာ တပ်ဆင်ထားသော mask.ကအစ အမဲရောင်သာဖြစ်ပြီး မျက်မှန်အနက်ကြီးတပ်ကာ ခေါင်းကိုပါစွတ်ထားသဖြင့် သူ့မျက်နှာကို ဘယ်သူမှမမြင်နိုင်။

သူက လိုင်းပေါ်တက်လာသည့်သတင်းတစ်ပုဒ်ကို စူးစိုက်ကြည့်နေတာဖြစ်ပြီး ဘေးက ဆူညံသံတွေကိုလည်း ဂရုစိုက်ဟန်မတူ။

သူကြည့်နေသည့်သတင်းမှာ လမ်းကြားတစ်ခုမှာတွေ့ရသည့် ရုပ်ပျက်ဆင်းပျက်သေဆုံးနေသော အလောင်းနှစ်လောင်းအကြောင်းပင်ဖြစ်သည်။

သူတပ်ဆင်ထားသော ear phone.ဖုန်းအတွင်းမှ အမျိုးသမီးတစ်ဦး၏ သတင်းကြေညာသံက ဆက်လက်ထွက်ပေါ်နေ၏။

“အသတ်ခံထားရသောအမျိုးသားနှစ်ဦးမှာ မသေခင် အနှိပ်စက်ခံထားရပုံရပြီး တစ်ကိုယ်လုံးအညိုအမဲဆွဲနေကာ အမျိုးသားတစ်ဦးမှာ လည်ပင်း၌ အနီကွက်ကြီးတစ်ခုပါ ရှိနေတယ်လို့ သိရပါတယ်ရှင့်... ရုပ်ပြတ်ဆင်းပြတ်အသတ်ခံထားရတာမို့ ထိုလူနှစ်ဦးက ဘယ်သူဘယ်ဝါဆိုတာကို သက်ဆိုင်ရာက ခုထိ ကောက်ချက်ချနိုင်ပုံမရသေးပါဘူး... ကျန်တာကို ကိုယ်ရှင်းသန့်နောင်က ဆက်လက်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်..."

My Stalker (မင်းရဲ့အရိပ်ကလေး) CompletedWhere stories live. Discover now