My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၈)ညှို့အသိအာရုံတွေပြန်ကပ်ချိန်တွင်တော့ ညှို့ကအခန်းတစ်ခုထဲရောက်နေပြီဖြစ်သည်။ တစ်ခန်းလုံးကတိတ်ဆိတ်နေတဲ့အပြင် ပိုးသတ်ဆေးနံ့တွေ ထောင်းထောင်းထနေသည်ကြောင့် ဆေးရုံမှန်းတော့သိသာ၏။
နဘေးနားက စားပွဲတွင် ပန်းအပြည့်ဖြင့် အလှပန်းအိုးလေးတစ်လုံးရှိကာ ညှို့ကြိုက်တတ်သည့် နီရဲရဲနှင်းဆီနီအစစ်တွေကို အစီးလိုက်ထိုးထားသည်။ ဧည့်သည်လာရင်ထိုင်အနားယူဖို့ ဆိုဖာတွေရှိသလို ရေချိုးခန်းအိမ်သာကအစ ပါသည်။ ဆေးရုံကြီးတစ်ခုခုက သီးသန့်ခန်းဖြစ်ပုံရ၏။
တိတ်ဆိတ်နေတဲ့အပြင် နိုးလာကတည်းကတစ်ယောက်မှမတွေ့သည်ကြောင့် လက်မောင်းမှာဆေးချိတ်ထားတဲ့ညှို့ ငြိမ်ငြိမ်သာလှဲနေလိုက်ရသည်။
ချပ်!...
တံခါးဖွင့်သံကြောင့် လှဲနေရင်းက ညှို့ခေါင်းလေးလည်ကာလှမ်းကြည့်မိတော့ ဝင်လာသည်က သူ။မိုးသားလွှမ်းက လက်ထဲတွင်လည်းအထုတ်တွေနဲ့ အခန်းထဲဝင်လာတာဖြစ်သည်။
"မင်း သတိရလာပြီလား? "
ညှို့ခေါင်းညိမ့်၍သာ တုံ့ပြန်လိုက်ရသည်။ လူကနုန်းချိနေတဲ့အပြင် ဗိုက်ကနာကျင်မှု့ကြောင့် စကားပင်ကောင်းကောင်းမပြောချင်။"အစာအိမ်အချဥ်ပေါက်လို့ မင်းခွဲစိတ်မှု့တစ်ခုလုပ်ထားရတယ်။ "
ညှို့ကြောင်သွား၏။ ဒါကြောင့် ညှို့ဗိုက်ကအခုထိနာနေတာပေါ့။
"ချုပ်ရိုးအရာမထင်အောင် ကိုယ်ဆရာဝန်ကြီးတွေနဲ့ဆွေးနွေးထားပြီးပြီ။ ဒဏ်ရာကသေးသေးလေးမို့ သူတို့ပေးတဲ့ဆေးလိမ်းပြီး သူတို့ညွှန်ကြားတဲ့အတိုင်းလိုက်နာရင် 99% လောက်အထိ မှိန်သွားနိုင်တယ်တဲ့..."
သူပြောတာ ညှို့သဘောပေါက်သည်။ ညှို့က အနုပညာရှင်တစ်ယောက်မို့ ကမ်းခြေသွားတဲ့အခန်းတွေရိုက်ရတဲ့အခါ၊ အတိုအပြတ်တွေ ဘီကနီတွေဝတ်ရိုက်ရတဲ့အခါ အခုလိုအမာရွတ်နဲ့ဆိုတော့ ပြဿနာရှိမည်ကို သူကတွေးမိပုံပေါ်၏။ သူ့ပုံစံက Cool Guy type မို့ လူတစ်ဖက်သားအတွက် ခုလောက်တွေးပေးတတ်လိမ့်မည်ဟု ညှို့ထင်မထား။

YOU ARE READING
My Stalker (မင်းရဲ့အရိပ်ကလေး) Completed
Roman d'amourခဲမှန်ဖူးတဲ့စာသူငယ်မို့ အချစ်ကို နောက်တစ်ခါထပ်မယုံကြည်နိုင်တော့တဲ့ညှို့... အဲ့လိုဆုံးဖြတ်ခဲ့တာတောင် ရင်နဲ့ရင်းပြီးမောင့်အပေါ် ထပ်ချစ်ခဲ့တာလည်း ညှို့ပါပဲ... နှလုံးသားတစ်ခုလုံးက အတိတ်ရော၊ ပစ္စုပ္ပန်ရော ဒဏ်ရာဒဏ်ချက်အပြည့်နဲ့... အနာဂတ်မှာဘယ်လိုရှိမယ်မသ...