အပိုင်း (၅၁)

4.4K 67 4
                                        

My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၅၁)

“မောင် ဘယ်အချိန်အထိ ညှို့ကိုအခုလိုပိတ်ထားမှာလဲ?”

ညှို့ကို မောင်ခေါ်လာသည်က ညှို့မရောက်ဖူးတဲ့ ဗီလာတစ်ခု။ ညှို့ဒီကိုရောက်နေတာ သုံးရက်ရှိနေပြီဖြစ်သလို အပြင်လောကနဲ့အဆက်အသွယ်ပျက်နေခဲ့သည်ကလည်း သုံးရက်ရှိပြီဖြစ်သည်။

ညှို့မေးတော့လုံးဝမဖြေ။ ညှို့စားနေတဲ့ပန်းကန်ထဲကို သူ့တာဝန်အတိုင်း ဟင်းထည့်ပေးသည်။

ရောက်ခါစက ညှို့စိတ်ဆိုးပြီး လုံးဝအစာမစား။ သူက ရအောင်၊ ဝင်အောင်ကျွေးသည်။ လက်ပါတာမျိုးမရှိပေမယ့် ခုလို လုပ်နေတာကလည်း နှိပ်စက်ခြင်းတစ်မျိုးပဲမဟုတ်လား?

ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုမျိုးပဲကွာသည်။ ညှို့ နာကျင်ရတာခြင်းကတော့ အတူတူပါပဲ။

“မောင် ဘယ်အချိန်ထိ ခုလိုတွေလုပ်နေမှာလဲ?”

စားလက်စဇွန်းကိုချ၍ မေးလိုက်သည်။ ညှို့ တကယ်စိတ်ကုန်နေပြီ။ မောင်ဟာ ဘာကြောင့် ညှို့ကို အနုနည်းနဲ့နှိပ်စက်နေပါသနည်း။

“ညှို့မှာ အလုပ်တွေရှိသေးတယ်။ ခုလိုမျိုး တစ်သက်လုံးနေသွားလို့မရဘူး...”

“ကိုယ်ကလည်း တစ်သက်လုံးနေသွားဖို့ စိတ်ကူးမရှိပါဘူး။ မင်္ဂလာပွဲမတိုင်ခင်အထိ...”

“ညှို့က မောင့်ကိုလက်ထပ်မယ်လို့ မောင်အခုထိထင်နေသေးတာလား?”

သူက ခပ်တည်တည်ပဲခေါင်းညိမ့်သည်။

“ထင်တာမဟုတ်ဘူး၊ သေချာတာ... သေချာပေါက် မင်းက ကိုယ်နဲ့လက်ထပ်ရမှာပဲလမင်း...”

“အဓိပ္ပါယ်မရှိတာတွေ...”

ညှို့ တိုးတိုးလေးရေရွတ်သည်ကို မိုးသားလွှမ်းက ကြားဖြစ်အောင် ကြားလိုက်သေးသည်။

“ဘာက အဓိပ္ပါယ်မရှိတာလဲ? ကိုယ့်အတွက်တော့ အားလုံးက အဓိပ္ပါယ်ရှိတယ်။ စီစဉ်စရာရှိတာတွေလည်း စီစဉ်ပြီးနေပြီ...”

ညှို့ ခပ်တွေတွေလေး သူ့ကိုကြည့်နေလျှင်...

“လက်ထပ်ပြီးရင် ဟန်းနီးမွန်းကို ဘယ်သွားဖို့တွေးထားလဲလမင်း....”

My Stalker (မင်းရဲ့အရိပ်ကလေး) CompletedWhere stories live. Discover now