အပိုင်း (၅၀)

3.8K 61 3
                                        

My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၅၀)

“မင်းစိတ်တွေ အရမ်းလှုပ်ရှားနေတယ်... ခုနေ ဆုံးဖြတ်ရင် အမှားပါလိမ့်မယ်... အရင်ဆုံး မင်းရဲ့ကွန်ဒိုကို ပြန်ရအောင်...”

သူက ညှို့ကို ပုခုံးကဖက်၍ခေါ်သည်။ ညှို့ တောင်စဉ်ရေမရ ရောက်တတ်ရာရာအတွေးတွေနဲ့ အရိုးကျိုးပြတ် ဒီအတိုင်း သူခေါ်ရာပါလာရသည်။

သူက ခါတိုင်းလို ညှို့တက်ဖို့ ကားရှေ့ခန်းကတံခါးတစ်ချပ်ကိုဖွင့်ပေးပေမယ့် ညှို့ ကိုယ့်ဘာသာကိုယ်ပဲ နောက်ခန်းတံခါးဖွင့်၍ တက်ထိုင်မိသည်။ သူက ညှို့ကို အပြင်ကတစ်ချက်လှမ်းစိုက်ကြည့်ပေမယ့် ထွေထွေထူးထူး ဘာမှပြောမလာ။

ညှို့ဝင်မထိုင်တော့ သူက ဖွင့်ထားတဲ့တံခါးကိုပြန်ပိတ်၍ တစ်ဖက်က မောင်းသူနေရာမှာ ပြန်ဝင်ထိုင်မောင်းသည်။ နောက်ကြည့်မှန်ကနေ ညှို့ကို တစ်ချက်တစ်ချက်လှမ်းအကဲခတ်နေတဲ့ အကြည့်စူးစူးတွေကိုသိပေမယ့် ညှို့မမြင်သလို လမ်းဘက်ကိုငေး၍ မျက်နှာလွှဲနေလိုက်သည်။

တရိပ်ရိပ် လေအလျင်လိုဖြတ်သန်းသွားနေတဲ့ပုံရိပ်တွေက ပြောင်းလဲနေပေမယ့် အရင်လိုစူးစမ်းမှုတို့မရှိတော့ဘဲ ညှို့မျက်ဝန်းတွေက သေနေသည်။

မောင်က စဉ်းစားဖို့ပြောသည်။ စိတ်လှုပ်ရှားနေချိန်ဆုံးဖြတ်တဲ့ဆုံးဖြတ်ချက်တစ်ခုဟာ အမှားတွေအများကြီး ပါသွားနိုင်တယ်တဲ့...

ဒါပေမယ့် စဉ်းစားမလိုတော့အောင် ရှင်းလင်းနေတဲ့အဖြေတစ်ခုကို မောင်က ဘာတွေထပ်စဉ်းစားခိုင်းနေရတာလဲ?

မောင်က မောင့်နာကျည်းချက်အမုန်းတွေ၊ အညှိုးတွေအတွက် ညှို့ကို လက်စားချေဖို့ချဉ်းကပ်ခဲ့တယ်။ ညှို့ကတော့ ညှို့ရဲ့အချစ်ဦးကိုမေ့ဖို့အတွက် မောင့်ကို အစားထိုးဖြေဖျောက်ခဲ့တယ်။ ဝန်မခံချင်ပေမယ့် ညှို့မောင်နဲ့တွဲတာ မောင်ချိန်းခြောက်မှုတွေကြောင့် ဆိုတာထက် ညှို့ ကို့ကို မေ့ချင်ခဲ့တာပါပါတယ်။

အစက ဒီအတိုင်း ဘာအလေးမှမထားဘဲစတင်ခဲ့တဲ့ဆက်ဆံရေးတစ်ခုက ဒီလောက်အထိ နက်နဲလာခဲ့လိမ့်မယ်လို့ ညှို့တကယ်မထင်ပါဘူး...

My Stalker (မင်းရဲ့အရိပ်ကလေး) CompletedWhere stories live. Discover now