အပိုင်း (၄၄)

2.8K 55 0
                                        

My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၄၄)

“ရှင် ကျွန်မကို တွေ့ဖို့ခေါ်တာ ဘာကိစ္စလဲ?”

မျက်စိရှေ့က သူစိမ်းဆန်စွာတည်ရှိနေသောအမျိုးသမီးလေးကိုကြည့်ကာ သူ့ကိုယ်သူ မချင့်မရဲဖြစ်လာ၍ မင်းမြတ်မောင် ခေါင်းငုံ့ကာပြုံးလိုက်မိသည်။ သူ့ဘာသာသူ လှောင်ရယ်လိုက်တာလားတောင် မသဲကွဲ။

သူစိမ်း?
ဒီလိုအခြေအနေတွေဖြစ်အောင် သူကိုယ်တိုင်ဖန်တီးခဲ့တာပဲလေ။ ခုမှ လာရင်နာပြနေလည်း အလကားပဲ။

“ဒီအတိုင်း... ကိုယ် မင်းကိုမတွေ့ရတာကြာလို့ ခဏတွေ့ချင်ရုံပါ။”

သူ့လေသံက အားလုံးကိုလက်လွှတ်အရှုံးပေးထားသူလိုမျိုး အသက်မဲ့နေသည့်နှယ်။

မတွေ့တာကြာလို့? အရင်အပတ်ကပဲ သူမနဲ့မောင် လာကြည့်ထားတာပဲမဟုတ်လား? ဒီလူဘာဖြစ်ချင်နေတာလဲ ညှို့နားမလည်။ လာခဲ့တယ်ဆိုတာကလည်း သူ့အမျိုးသမီးဆုံးသွားတဲ့ခင်ပွန်းသည်အစား သနားလို့၊ စိတ်မကောင်းလို့။ သံယောဇဉ်လက်ကျန်အနဲငယ်နဲ့ လာခဲ့ခြင်းသာဖြစ်သည်။

“မင်းနဲ့ကိုယ် လုံးဝမဖြစ်နိုင်တော့ဘူးလားညှို့...”

ဆေးရုံကုတင်ပေါ်ကနေ ညှို့ငင်ရီဝေနေသောမျက်လုံးတွေနဲ့ ညှို့ရှိရာလှမ်းကြည့်ပြီးမေးလာသူ။

ညှို့ မောင့်အပေါ်မှာ သစ္စာဖောက်မှာမဟုတ်သလို သူ့ကိုပြန်လက်ခံဖို့စိတ်ကူးမရှိ။ သူမှမဟုတ်ဘဲ မောင်ကလွဲရင် ညှို့ ဘယ်ယောက်ျားကိုမှ ထပ်မပတ်ချင်တော့တာ။ မောင့်အပေါ်မှာ ညှို့အချစ်က အဲ့လောက်အထိ...။

“မဖြစ်နိုင်တဲ့အရာဆိုတာ ကိုမင်းမြတ်မောင် သိနေတာပဲမဟုတ်လား? ညှို့ ရှင့်ဆီလာခဲ့တာ ကွယ်လွန်တိမ်းပါးသွားတဲ့ရှင့်ဇနီးအတွက် ရှင့်အပေါ်စိတ်မကောင်းဖြစ်မိလို့... မဖြစ်နိုင်တဲ့စိတ်ခံစားချက်တွေရှိနေရင် ညှို့ကိုခေါ်ပြီး အချိန်မဖြုန်းပါနဲ့... ညှို့ မောင့်အပေါ်မှာ ဘယ်တော့မှသစ္စာဖောက်မှာမဟုတ်ဘူး...”

“ဟက်... မင်းက အဲ့လိုမိန်းကလေးလားညှို့... ဒါဆို ကိုယ်က သစ္စာရှိတဲ့မိန်းကလေးတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာပဲ..."

My Stalker (မင်းရဲ့အရိပ်ကလေး) CompletedWhere stories live. Discover now