အပိုင်း (၁၇)

623 16 1
                                    

My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၁၇)

အွန်း!...
မနက်ရောက်သည်နှင့် ညှို့ လူတစ်ယောက်ရဲ့ရင်ခွင်ထဲကိုရောက်နေကာ လှုပ်မရအောင်ထွေးပွေ့အဖက်ခံထားရသည်။ အသိစိတ်မကပ်သေးပေမယ့် ကိုယ်တစ်ခုလုံးနွေးထွေးလုံခြုံနေကာ အသားချင်းကပ်နေသည့် အထိအတွေ့ကိုလည်း ခံစားနေရသည်။ ပြီးတော့ ညှို့ခေါင်းပေါ်ရိုက်ခတ်နေသည့် အသက်ရှူငွေ့ကိုရော။

စောင်ခြုံထားသော်ငြား aircon.လေထုအေးစိမ့်စိမ့်ကြောင့် အနွေးဓာတ်ရှိရာကို ပိုတိုးကပ်မိတော့ ခါးကိုဖက်ထားသောလက်အစုံက ပိုတင်းကြပ်ကာ ညှို့ကိုယ်လေးကို ထွေးပွေ့ယူသည်။ အလွန်နီးကပ်နေသည်ကြောင့် ညှို့ရဲ့ဝင်သက်ထွက်သက်က တစ်ဖက်လူရဲ့ရင်ဘတ်ကို သွားရိုက်ခတ်နေတဲ့အထိ။

ဟင်!
ရုတ်တရက် အသိကပ်သွားတဲ့ညှို့ ချက်ချင်းမျက်လုံးတွေပွင့်လာရသည်။

ညှို့ဘေးကလူကိုကြည့်မိတော့ သူ.... မိုးသားလွှမ်း။

သူ့ကိုယ်မှာအဝတ်အစားမကပ်သလို ညှို့ကိုယ်ပေါ်မှာလည်း ဘာအဝတ်မှမရှိ။ နှစ်ယောက်လုံး ကုတင်တစ်ခုတည်းအပေါ်မှာ အတူပူးကပ်ဖက်တွယ် အိပ်နေကြတာ။ ဒါဘယ်လိုအခြေအနေမျိုးကြီးလဲ။ အရွယ်ရောက်ပြီးသားလူနှစ်ယောက်က ဘာပတ်သက်ဆက်နွယ်မှုမှမရှိဘဲ ဒီလိုမဖြစ်သင့်။

ညက အကြောင်းပြန်စဥ်းစားတော့လည်း ဘာမှစဥ်းစားမရ။ ဝိုင်အရှိန်က လုံးလုံးမပြေသေးသည်ကြောင့် ခေါင်းတွေကလည်း နောက်တောက်တောက်။ ညှို့အသာထထိုင်ဖို့ပြင်လိုက်ပေမယ့် ခါးကဖက်တွယ်ထားတဲ့လက်တင်းတင်းကြောင့် သူ့ရင်ခွင်ထဲပြန်ပြိုကျသည်။

အ့!
အိပ်ယာပေါ်လဲကျသည်နှင့် အောက်ပိုင်းကနာကျင်ကျိန်းစပ်မှု့ကြောင့် ညှို့ကြောင်အကာ အိပ်ပျော်နေတဲ့သူကို မျက်လုံးလေးပြူး၍ ကြည့်လိုက်မိသည်။ ညက သူနဲ့ညှို့ အတူ​နေဖြစ်ခဲ့တာလား?

နာကျင်မှု့အပြင် အံ့ဩမှု့ကြောင့် မျက်ရည်ကပါ ချက်ချင်းဝဲတက်လာ၏။
ခန္ဓာကိုယ်တစ်ခုလုံးကပါ ကိုင်အရိုက်ခံထားရသလို နာကျင်နေသည်။

ဟင်း!
ထိုအချိန် သူကလည်းနိုးလာပုံရကာ အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်ကြည့်သည်။ ပြီးတော့အသိမကပ်သေးသလို ကြောင်တောင်တောင်ဖြစ်နေကာ ဘေးကစိုက်ကြည့်နေတဲ့ညှို့ကိုမြင်မှ မျက်လုံးတွေ ကောင်းကောင်းပွင့်သည်။

My Stalker (မင်းရဲ့အရိပ်ကလေး) CompletedWhere stories live. Discover now