My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၄၃)
“အစ်ကို ဘာတွေလျှောက်လုပ်နေတာလဲ?”
“ငါက ဘာလုပ်လို့လဲ?”
မင်းကုဋေစကားကို မိုးသားလွှမ်းက အေးဆေးတည်ငြိမ်စွာပင် တုန့်ပြန်သည်။ မင်းကုဋေမှာ အခန်းကုတင်ပေါ်ကထလာရင်း မှန်ဗွီရိုရှေ့ အပေါ်ကုတ်ချွတ်ကာ အင်္ကျီလက်ရှည်ကို သေသေသပ်သပ်ခေါက်တင်နေသော မိုးသားလွှမ်းအနားလာရပ်သည်။
“အစ်ကို မသိလို့မေးနေတာလား? အစ်ကို ချောင်းသာမှာဖြစ်သွားတဲ့ကိစ္စ...”
“ငါနဲ့ ဘာမှမဆိုင်ဘူး...”
ပြန်ဖြေပုံက မသိတဲ့သူဆို ယုံကြည်နိုင်လောက်အောင် သူနဲ့တကယ်မပတ်သက်သလို သွေးအေးရက်စက်စွာ...။
“ကျွန်တော်ယုံမယ်ထင်နေလား? မဟုတ်ရင် ကျွန်တော့်ကို ချောင်းသာထိတကူးတကလာပြီး ဘာလို့ ကားကိုယူခိုင်းနေမှာလဲ?”
မိုးသားလွှမ်းက မင်းကုဋေကို အေးစက်စက်ပင်စိုက်ကြည့်သည်။
“မင်း မယုံလည်း ငါဂရုစိုက်နေမယ်ထင်လို့လား?”
“အစ်ကို ဘာလို့ အဲ့လိုတွေလျှောက်လုပ်နေရတာလဲ?”
“မင်းကိစ္စမဟုတ်ဘူး... မဆိုင်ရင် ဝင်မပါနဲ့...”
“ကျွန်တော်က အစ်ကို့ကိုစိတ်ပူလို့ပါ။ ခုကိစ္စက အရမ်းအန္တရာယ်များတယ်... ဘယ်လောက်ကားမောင်းကျွမ်းကျွမ်း အခန့်မသင့်ရင် အစ်ကို့ကိုပါ..."
“အခု ငါဘာမှမဖြစ်ဘူးမဟုတ်လား?”
မင်းကုဋေစကားကို မိုးသားလွှမ်းက မဆုံးခင်ဖြတ်ပြောလိုက်သည်။ မင်းကုဋေမှာ ပြောလည်းမနိုင်သည်ကြောင့် စိတ်ပျက်လက်ပျက် စုတ်တစ်ချက်သပ်ရင်း...
“ကျစ်! ပြောရင်တော့ အလွယ်လေးပေါ့... ခုကိစ္စမှာ အခန့်မသင့်ရင် အစ်ကို့ကိုပါ အမှုပတ်နိုင်တယ်ဆိုတာသိလား?”
“ဂရုမစိုက်ဘူး...”
“ဂရုမစိုက်လို့မရဘူး... အခုက လူပါသေတယ်... အစ်ကိုထောင်ကျနိုင်တယ်....”
“မင်းမှားနေပြီမင်းကုဋေ... ငါက ဘာလို့ထောင်ကျရမှာလဲ? မင်းသတင်းမှာကြေညာတာမတွေ့ဘူးလား? သူက မလွတ်တဲ့ကားကို အရှိန်တင်ဇွတ်ကျော်တက်လို့ ခုလိုအဖြစ်ဆိုးသွားတာ...”
YOU ARE READING
My Stalker (မင်းရဲ့အရိပ်ကလေး) Completed
Romanceခဲမှန်ဖူးတဲ့စာသူငယ်မို့ အချစ်ကို နောက်တစ်ခါထပ်မယုံကြည်နိုင်တော့တဲ့ညှို့... အဲ့လိုဆုံးဖြတ်ခဲ့တာတောင် ရင်နဲ့ရင်းပြီးမောင့်အပေါ် ထပ်ချစ်ခဲ့တာလည်း ညှို့ပါပဲ... နှလုံးသားတစ်ခုလုံးက အတိတ်ရော၊ ပစ္စုပ္ပန်ရော ဒဏ်ရာဒဏ်ချက်အပြည့်နဲ့... အနာဂတ်မှာဘယ်လိုရှိမယ်မသ...
