အပိုင်း (၂၉)

3.4K 58 3
                                        

My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၂၉)

“အစ်ကိုက လူတွေရှေ့ထွက်ပြရတာမကြိုက်ဘူးလေ... အစ်ကိုဆုရတဲ့ ပွဲတွေ တက်တာလည်း သိပ်မတွေ့ရဘူး... ကိုယ်စားယူပေးတာများတော့ အခုက ဘယ်လိုဖြစ်ပြီး...”

“ကိုယ့် ကောင်မလေးတောင်းဆိုလို့... ပြီးတော့ သူ့ကို စိတ်မချတာလည်း ပါတယ်...”

သူက ပြောရင်း ညှို့မျက်နှာလေးကို စိုက်ကြည့်သည်။ ညှို့က မျက်နှာလေးရဲကာ ရှက်အမ်းအမ်းဖြစ်နေသလို အောက်နှုတ်ခမ်းလေးကိုလည်း သွားနဲ့မထိတထိကိုက်နေသေး၏။

“မညှို့လမင်းက အစ်ကို့ကို သူနဲ့အတူ ပွဲတက်ဖို့ပြောတာလား?”

သူက ညှို့ကို ထပ်ငုံ့ကြည့်ပြန်သည်။ မျက်နှာက ခုနကလို တည်တည်ငြိမ်ငြိမ် အေးတိအေးစက်မဟုတ်တော့ဘဲ မြတ်နိုးကြင်နာခြင်းတွေအပြည့်။

“အင်း အဲ့သဘောပါပဲ... ကိုယ့်ကောင်မလေးပြောတာကို ကိုယ်က ဘယ်လိုငြင်းနိုင်မှာလဲ? နောက်ပြီး သူက စကာတင်အရွေးခံရတဲ့အထဲမှာပါတယ်လေ... ကိုယ်သူ့ကို အားပေးချင်တာလည်းပါတယ်...”

“အစ်ကိုက တကယ်ချစ်တတ်တာပဲ... အခု အကယ်ဒမီ စကာတင်ချိတ်တဲ့အထဲမှာ အစ်ကို့ကားတွေလည်းပါတယ်... အဲ့ဒါတွေအတွက်ရော အစ်ကို့လက်ရှိခံစားချက်ကို သိချင်ပါတယ်...”

“အမှန်တိုင်းပြောရရင် ကိုယ့်စိတ်ထဲ ဘယ်လိုမှမနေဘူး... အကယ်ဒမီရုပ်ထုက အောင်မြင်မှုရဲ့သင်္ကေတမှတ်တိုင်ဆိုတာကို ကိုယ်လက်ခံပါတယ်။ ဒါပေမယ့် ပုရိသတ်တွေရင်ထဲကချစ်ခြင်းမေတ္တာနဲ့တင် ကိုယ့်အတွက် လုံလောက်တဲ့အောင်မြင်မှုပြရုပ်ကို ရရှိနေပြီးပါပြီ...”

ကြည့်နေတဲ့ပုရိသတ်တွေမှာ အသဲတွေတဖြုတ်ဖြုတ်ကြွေကုန်ကြသည်။ သူက အကယ်ဒမီဆုကြီး သုံးနှစ်တိုင်တိုင် ဆက်တိုက် ဆွတ်ခူးခဲ့ပြီးသား။ ကိုယ်တိုင်တက်မယူတာပဲရှိတာ...

အချို့က မာန်တတ်နေတယ်၊ အချို့ကလည်း အဆန်းထွင်တယ်ဆိုပြီး တစ်နှစ်တစ်မျိုး ပွဲပြီးတိုင်း ပြောစမှတ်တွင်ကျန်ပေမယ့် သူ့ပုရိသတ်တွေကြောင့် မကောင်းသတင်းတွေက ကြာကြာမပျံ့လွင့်နိုင်။

My Stalker (မင်းရဲ့အရိပ်ကလေး) CompletedWhere stories live. Discover now