အပိုင်း (၄၇)

3K 52 1
                                        

My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၄၇)

ကျစ်!

သူ့ပုခုံးပေါ်လက်တင်ထားတဲ့နှင်းကဗျာဆိုတဲ့မိန်းကလေးလက်ကို သူချက်ချင်းတွန်းထုတ်လိုက်ပေမယ့် ညှို့လမင်းက နေရာမှာမရှိတော့။

ကွိုင်ပဲ။

သူမကိုနာကျင်စေချင်ပေမယ့် သူမခံစားရမှာကို မကြည့်ရက်နိုင်တာကလည်း သူပဲဖြစ်သည်။ နောက်ပြီး ခုလိုမိန်းမတစ်ယောက်ကိစ္စနဲ့ ပတ်သက်ပြီးမဟုတ်။

“ကိုကို...”

“မခေါ်နဲ့..”

သူပိတ်အော်လိုက်သည်။ သူ့အော်သံကြောင့် ကောင်မလေးကလန့်သွားသလို ရှူတင်ထဲကအဖွဲ့သားအားလုံးကလည်း ကြည့်လာကြသည်။

“မင်းဘာလုပ်ထားတယ်ဆိုတာ မင်းသိတယ်။ မင်းရွေ့တဲ့အကွက်တွေကို ငါမသိဘူးမထင်နဲ့။”

“နှင်းက....”

ဆက်ပြောဆိုတဲ့ပုံနဲ့အေးစက်စက်စိုက်ကြည့်လျှင် နှင်းကဗျာတစ်ကိုယ်လုံးအေးခဲသွားသလို ပြောစရာစကားတွေလည်းမဲ့သွားရသည်။

“သည်းခံတယ်ဆိုတာ အတိုင်းအတာရှိတယ်။ မင်းက ရောင့်တက်လာတာ။ ကိုမျိုးမျက်နှာကြောင့်ပေမယ့် ငါအခု ဘယ်သူ့မျက်နှာမှ မထောက်နိုင်တော့ဘူး...”

“ကိုကို...”

ကောင်မလေးက သူမခေါ်နေကျနာမ်စားကို အထိတ်တလန့်ရေရွတ်သည်။ သူက ကျောခိုင်းကာ ဖုန်းနံပါတ်တစ်ခုကို ကောက်ခေါ်၏။

“ကျွန်တော်မလုပ်နိုင်တော့ဘူးကိုမျိုး။”

“ဘာလို့လဲလွှမ်းရာ... ခုချိန်ထိအဆင်ပြေလာခဲ့ပြီး...”

“ကိုမျိုးညီမကိုကိုမျိုးမေး... ကိုမျိုးအကူအညီတောင်းလို့ ကျွန်တော် မအားတဲ့ကြားက လက်ခံပေးခဲ့တာ... ကိုမျိုးညီမလုပ်ပုံက...”

နှင်းကဗျာက ဘေးနားကနေ မျက်ရည်စက်လက်နဲ့လာရပ်ပေမယ့် သူ,မသနားမိ။ သနားလည်းမသနားတတ်။ သူက အစကတည်းက အကြင်နာမဲ့တဲ့သူ။ သူမအပေါ်ကလွဲရင် ကျန်တာအားလုံးအပေါ်မှာ တစ်ပြေးညီရေသေလိုလူစားမျိုး။

“ကိုမျိုးတောင်းပန်စရာမလိုပါဘူး... ကိုမျိုးနဲ့မဆိုင်ဘူး...”

My Stalker (မင်းရဲ့အရိပ်ကလေး) CompletedWhere stories live. Discover now