အပိုင်း (၂၈)

3.4K 64 1
                                        

My Stalker(မင်းရဲ့အရိပ်ကလေး)
အပိုင်း(၂၈)

“မညှို့လမင်း... အချိန်ရရင် ကျွန်တော်တို့နဲ့ interview.ဖြေပေးလို့ရမလားဗျ...”

သတင်းသမားတွေက အနားရောက်လာကာ တောင်းဆိုသည်။ မိုးသားလွှမ်းက ထိုအခါမှ ညှို့အနားက ပြန်ခွာပေး၏။

ပွဲက မကြာခင်စတော့မည်မို့ အလင်းရောင်က ပွဲထဲသဲ့သဲ့သာရှိပြီး လူအုပ်ထဲ ညမီးရောင်သာလွှမ်းနေသည်။ ထိုအထဲ ညှို့လမင်းမျက်နှာလေးက အရောင်လဲ့ကာ ဖြာနေသလို။

ခုနှစ်ဆောင်ခန်းကပပဝတီနဲ့ယှဉ်ရင်တောင် သူ့ချစ်သူက နောက်ကောက်ကျကျန်နေစရာအကြောင်းမရှိဘူးဟု မိုးသားလွှမ်းတွေးလိုက်သည်။

သူပြန်ခွာတော့ သူ့နှုတ်ခမ်းပါးတွေက ညှို့နားရွက်လေးကိုထိသွားသည်မို့ လူက ဓာတ်လိုက်သွားသလို ကတုန်ကယင်။

“မညှို့လမင်းရှင့်...”

သတင်းထောက်တွေရဲ့စကားတွေကြားမှ ညှို့လက်ရှိပစ္စုပ္ပန်ကို ပြန်သတိဝင်သည်။ သူက အဲ့လိုလည်း လူကို အချိန်တွေရပ်တန့်အောင် ပြုစားနိုင်စွမ်းရှိသည်။

“ပွဲက စတော့မယ်နဲ့တူတယ်...”

“ခဏပါပဲရှင်… ဒီမှာက တိုက်ရိုက် Live.လွှင့်နေတာဆိုတော့လေ... ပုရိသတ်တွေကလည်း ညီမရဲ့အင်တာဗြူးကိုမျှော်လင့်နေကြတာ... လိုင်းပေါ်ကနေ ညီမကိုမေးပေးဖို့ တောင်းဆိုထားကြတဲ့ ညီမ ပုရိသတ်တွေကလည်း အများကြီး...”

ရိုးရိုးပြောမရမှန်းသိတော့ ညှို့ကို ပုရိသတ်တွေနဲ့ ကိုင်ပေါက်သည်။ ညှို့က ပုရိသတ်တွေအပေါ် တန်ဖိုးထားမှန်းသူတို့သိသည်။

ပုရိသတ်တွေကို အလိုလိုက်လွန်းလို့လည်း ညှို့က ရိုက်ကွင်းအပြင် လူထုအကြားမှာတောင် ကြင်နာတတ်တဲ့နတ်သမီးတစ်ပါးအဖြစ် နာမည်ကြီးဂုဏ်သတင်းမွှေး၏။ ကင်မရာရှေ့တင်မဟုတ်၊ ကင်မရာမရှိတဲ့မျက်ကွယ်ရာမှာတောင် ညှို့က မောက်မောက်မာမာမနေ။

ညှို့က လူတိုင်းအပေါ်စာနာသနားကာ ကြင်နာဂရုစိုက်တတ်ပုံကို ညှို့ဖန်မဟုတ်တဲ့သူတွေကအစ အသိအမှတ်ပြုကြတာဖြစ်သည်။ ညှို့က ဒီအတိုင်းသွားရင်း၊လာရင်းတောင် မျက်စိရှေ့အမြင်မတော်ရင် ကိုယ်ဘယ်သူလဲဆိုတာမပြောဘဲ ဘာမှတ်တမ်းမှတ်ရာမှမယူဘဲ ဝင်ကူညီလိုက်တာများသည်။

My Stalker (မင်းရဲ့အရိပ်ကလေး) CompletedWhere stories live. Discover now