My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၄၆)
“မောင် ခုနတုန်းကပြောလိုက်တဲ့စကားက ဘာအဓိပ္ပါယ်လဲ? ညှို့နဲ့မောင်နဲ့ လက်ထပ်မယ်ဆိုတာက...”
“မင်းပဲအဲ့လိုဖြစ်ချင်ခဲ့တာမဟုတ်ဘူးလား?”
အဲ့လိုဖြစ်ချင်တာမှန်ပေမယ့် မောင့်ပုံစံက ညှို့လိုချင်တဲ့ပုံစံ ဟုတ်မနေဘူး...
ဘာအကြောင်းမျိုးကြောင့်ပဲလက်ထပ်လက်ထပ် မောင်နဲ့ညှို့က ချစ်သူတွေမို့ လိုလိုလားလားရှိစေချင်ခဲ့တာ...
အရှင်းဆုံးပြောရရင် ညှို့က မောင့်ကို ဒီထက်ပိုမျှော်လင့်ထားခဲ့တာ။
မောင်အခုလုပ်နေတာတွေက ညှို့လိုချင်တာတွေနဲ့ တခြားစီ။
“ကိုယ်က မင်းဖြစ်စေချင်တာကို ဖြည့်ဆည်းပေးမလို့လေ... ဘာလဲ? လမင်းက မပျော်ဘူးလား?”
“မဟုတ်ပါဘူး...”
ညှို့ထိုင်နေတဲ့ဘေးဝင်လာထိုင်ရင်း သူက ခါးကိုဖက်၍မေးသည်။ ညှို့ မပွင့်တပွင့်လေးသာ ပြုံးပြနိုင်တော့သည်။
ညှို့အထင် မောင်တစ်ခုခုများ ပြောင်းလဲနေသလား?
ညှို့ မင်းမြတ်မောင်ဆေးရုံကိုသွားကြည့်တာသိပြီးကတည်းက ကိစ္စတွေ အခုလိုရှုပ်ထွေးနေတာ...
မောင်ညှို့အပေါ်မှာ စိတ်ဆိုးနေလို့ပဲ ဖြစ်မှာပါ။
“ညှို့...”
“ဟင်...”
အတွေးလွန်နေမိတာ သူက နားအနားလေးကပ်ကာခေါ်မှ သတိပြန်ဝင်သည်။
“ကိုယ် ဘယ်တော့မင်းမိဘတွေကို လိုက်တွေ့ပေးရမလဲလို့?”
ဟုတ်သည်။ လက်ထပ်တယ်ဆိုတာ နှစ်ဖက်မိဘ၊ ဆွေမျိုးအသိုင်းအဝိုင်းတွေ စုံညီနေမှကောင်းတာ။
“မောင် ဘယ်တော့အားလဲ? မောင်အားတဲ့ရက်ညှိပြီး ညှို့တို့မန္တလေးသွားကြမယ်လေ... အရင်ဆုံး ညှို့မေမေနဲ့ ဒေါ်လေးနှစ်ယောက်ကိုပဲ အရင်အသိပေးထားလိုက်မယ်...”
“အင်း... ကောင်းပါတယ်...”
“မောင့်သဘောကရော...”
“မေးနေစရာလိုသေးလို့လား? မောင့်သဘောက မင်းသဘောပဲပေါ့။”
ဒါမျိုးကျ ညှို့ရဲ့ချစ်သူလေး ပြန်ရောက်လာသလိုပါ။
YOU ARE READING
My Stalker (မင်းရဲ့အရိပ်ကလေး) Completed
Romanceခဲမှန်ဖူးတဲ့စာသူငယ်မို့ အချစ်ကို နောက်တစ်ခါထပ်မယုံကြည်နိုင်တော့တဲ့ညှို့... အဲ့လိုဆုံးဖြတ်ခဲ့တာတောင် ရင်နဲ့ရင်းပြီးမောင့်အပေါ် ထပ်ချစ်ခဲ့တာလည်း ညှို့ပါပဲ... နှလုံးသားတစ်ခုလုံးက အတိတ်ရော၊ ပစ္စုပ္ပန်ရော ဒဏ်ရာဒဏ်ချက်အပြည့်နဲ့... အနာဂတ်မှာဘယ်လိုရှိမယ်မသ...
