My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(အပိုင်း၄၁)
‘ချောင်းသာသွားတဲ့လမ်းတွင် Accidient တစ်ခုဖြစ်ကာ ကားနှစ်စီးတိုက်မှု့ဖြစ်ပွား...’
‘တစ်စီးထဲပါသောသူများမှာ မနက်ကမှ ပူပူနွေးနွေးမင်္ဂလာယူထားသော ဇနီးမောင်နှံနှစ်ဦးဖြစ်ပြီး ...ကုမ္ပဏီရဲ့ ဥက္ကဌ ဦးမင်းမြတ်မောင်တို့စုံတွဲဟု သိရ...’
‘ဖြစ်စဉ်မှာ ဦးမင်းမြတ်မောင်က ကားကိုအရှိန်တင်မောင်းလာခဲ့ခြင်းမျိုးဖြစ်ပြီး ရှေ့က ပြိုင်ကားအဖြူလေးတစ်စီးကို မလွတ်မလပ် ဇွတ်ကျော်တက်ခဲ့ရာမှ ဖြစ်ခဲ့သည်ဟုအတည်ပြု...’
‘ဦးခေါင်းထိခိုက်ကာ ခါးရိုးကျိုးသွားသောဦးမင်းမြတ်မောင်ကို နီးစပ်ရာပုဂ္ဂလိကဆေးရုံတစ်ခုသို့ ပို့ဆောင်...’
‘အခြေအနေစိုးရိမ်ရသည်ဟုဆို...’
‘ဇနီးဖြစ်သူအသဲတုန်ကတော့ ဒဏ်ရာပြင်းထန်ကာ နေရာမှာပင် ပွဲချင်းပြီးဆုံးပါးသွားခဲ့...’
ညတွင်းချင်းတက်လာတဲ့သတင်းကြောင့် ဖုန်းတစ်ချက်စစ်ကာ အိပ်ဖို့ပြင်နေသောညှို့လမင်း အံ့ဩသွားရသည်။ Newfeed ကို အပေါ်ဆွဲအောက်ဆွဲ လုပ်နေခဲ့သောညှို့ အိပ်ချင်စိတ်ပင်ပြေသွားခဲ့ရပြီ။
မနက်ကတင် ကြီးကြီးကျယ်ကျယ် တခမ်းတနားမင်္ဂလာဆောင်ခဲ့တာကို ခုတော့ ကားမှောက်ကာဆေးရုံရောက်နေသတဲ့။ သူမကိုတွေ့တိုင်းလည်း မတူမတန်သလို ရွဲ့စောင်းဆက်ဆံတတ်တဲ့အသဲတုန်က ခုတော့ ဘယ်တော့မှသူမကို ထိုသို့ဆက်ဆံနိုင်တော့မှာမဟုတ်ဘူး။
သူမအသဲကိုကစားခဲ့တာ ဒီလိုရလဒ်မျိုးအတွက်လား?
မပျော်ဘူးဆိုပေမယ့် ဝမ်းလည်းနည်းမနေပါ။ ဒါက သူတို့လုပ်ရပ်တွေအတွက် ကံကြမ္မာက ဒဏ်ခတ်ခြင်းသာဖြစ်ပါလိမ့်မည်။ ဖုန်းပိတ်ကာ မျက်လုံးပိတ်ကောက်စွပ်ပြီး မွေ့ယာပေါ်လှဲချလိုက်ပေမယ့် အတွေးတွေက ဟိုရောက်ဒီရောက်။ ဒီညလည်း အထီးကျန်ဆန်စွာ အတွေးနက်နက်တွေနဲ့ သူမမိုးလင်းရပြန်ပေဦးမည်။
မောင်မှ ပြန်မလာသေးဘဲ...
မင်းမြတ်မောင်ကို အရင်ကလောက် မမုန်းတော့ပေမယ့် နာကျည်းခဲ့တာတော့အမှန်။ ထပ်ပြီးမလိုချင်တော့ပေမယ့် တိုက်ဆိုင်တိုင်း အမှတ်တရတစ်ခုခုပေါ်လာတိုင်း သူမသတိရနေမိမှာတော့ သေချာပါ၏။
သူမအချစ်ဦးဖြစ်ခဲ့သည်ပဲ...
YOU ARE READING
My Stalker (မင်းရဲ့အရိပ်ကလေး) Completed
Любовные романыခဲမှန်ဖူးတဲ့စာသူငယ်မို့ အချစ်ကို နောက်တစ်ခါထပ်မယုံကြည်နိုင်တော့တဲ့ညှို့... အဲ့လိုဆုံးဖြတ်ခဲ့တာတောင် ရင်နဲ့ရင်းပြီးမောင့်အပေါ် ထပ်ချစ်ခဲ့တာလည်း ညှို့ပါပဲ... နှလုံးသားတစ်ခုလုံးက အတိတ်ရော၊ ပစ္စုပ္ပန်ရော ဒဏ်ရာဒဏ်ချက်အပြည့်နဲ့... အနာဂတ်မှာဘယ်လိုရှိမယ်မသ...
