My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၄၀)
“ငါတို့ လမ်းခွဲကြရအောင်...”
“မောင် ဘာစကားတွေလာပြောနေတာလဲ? မောင့်မှာ စိတ်ညစ်စရာ၊ စိတ်ဖိစီးစရာတွေရှိလို့လား?”
“အဲ့ဒါတွေနဲ့မဆိုင်ဘူး... အဓိကက ငါမင်းကို မချစ်ဘူး...”
“ဒါဆို အရင်ကမောင်ပြောခဲ့တာတွေကရော... နောက်ပြီး ညှို့လမင်းကို စွန့်လွှတ်ပြီး ကျွန်မဆီလာခဲ့တာ၊ ကျွန်မကို ရွေးချယ်ခဲ့တာတွေကရော...”
“အဲ့ဒါ ငါရူးနေခဲ့လို့...”
“သဲကို အဲ့လိုအချိုးမျိုး၊ အပြောမျိုးနဲ့ လာလုပ်လို့မရဘူး... သဲနဲ့မောင်နဲ့က လူသိရှင်ကြား စေ့စပ်ကြောင်းလမ်းထားတာ... ခုမှ ကွဲပါမယ်၊ ပြတ်ပါမယ်ဆိုတော့ သဲက ဘယ်လိုလုပ်ရမှာလဲ? သဲမှာ သိက္ခာတွေရှိသေးတယ်၊ မောင့်ကို လုံးဝလက်လွှတ်မပေးနိုင်ဘူး...”
“ကျစ်! အာရုံပဲ...”
“အာရုံဆိုလည်း အာရုံပဲမောင်... ခု သဲမှာ မောင်နဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီ...”
“ဘာ?!!”
“ဟုတ်တယ်... မောင် နားကြားမမှားဘူး... သဲမှာ မောင်နဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီ...”
တစ်ချိန်ကျ ဒီလိုအခြေအနေဖြစ်မယ်ဆိုတာသိလို့ သူမတမင်တကာကို ကလေးယူပစ်လိုက်တာ။ အကယ်ဒမီပေးပွဲမှာ ညှို့လမင်းနဲ့သူ့အကောင်ကိုတွေ့ပြီး မင်းမြတ်မောင်တို့မူပျက်နေကတည်းက ဒီလိုဖြစ်မယ်ဆိုတာ သိနေသားပဲ...
“အသဲတုန် မင်း ရူးနေလား? ငါတို့တွေ ဘာကိုမှကြိုတင်ပြင်ဆင်ထားတာမျိုးမရှိဘဲနဲ့ ဘာကိုကလေးလဲ?”
စိတ်ရှုပ်၊ စိတ်လှုပ်ရှားနေတဲ့မင်းမြတ်မောင်က ခြောက်ခြားစွာ အသဲတုန်နားရောက်လာပြီး လက်မောင်းနှစ်ဖက်ကို လှုပ်ခါကာပြောသည်။
သူ့စိတ်၊ သူ့အာရုံတွေကတော့ လေးဘက်လေးလံရှိတဲ့ နံရံချပ်တွေကြားပိတ်မိလို့။ သူက ပြန်လမ်းမရှိတော့မယ့် ခြောက်နက်ကြီးထဲကို ကိုယ်တိုင်ကိုယ်ကျ ရူးနှမ်းစွာ ခုန်ဆင်းလိုက်မိသလိုပဲ...။
“မောင် ဘာအရူးထတာလဲ? နာတယ်... လက်ကို လွှတ်စမ်းပါ...”
အသဲတုန်က မင်းမြတ်မောင်ရဲ့လက်ကို ဆွဲဖယ်ရုန်းခါသည်။ မင်းမြတ်မောင်က စိတ်လွတ်နေသောလူတစ်ယောက်လို အောက်ကြမ်းပြင်ပေါ် ငုတ်တုတ်ထိုင်ချရင်း ခေါင်းကဆံပင်တွေထဲ လက်ငါးချောင်းဖြင့် ထိုးဖွ၍ တဟားဟား ရယ်မောပါတော့သည်။ သူ့မျက်နှာပေါ်မှာတော့ မျက်ရည်စတွေ။ သူဟာ အရူးတစ်ယောက်လိုပါပဲ...
YOU ARE READING
My Stalker (မင်းရဲ့အရိပ်ကလေး) Completed
Romanceခဲမှန်ဖူးတဲ့စာသူငယ်မို့ အချစ်ကို နောက်တစ်ခါထပ်မယုံကြည်နိုင်တော့တဲ့ညှို့... အဲ့လိုဆုံးဖြတ်ခဲ့တာတောင် ရင်နဲ့ရင်းပြီးမောင့်အပေါ် ထပ်ချစ်ခဲ့တာလည်း ညှို့ပါပဲ... နှလုံးသားတစ်ခုလုံးက အတိတ်ရော၊ ပစ္စုပ္ပန်ရော ဒဏ်ရာဒဏ်ချက်အပြည့်နဲ့... အနာဂတ်မှာဘယ်လိုရှိမယ်မသ...
