My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၉)ထိုကိစ္စနဲ့ ညှို့ဆေးရုံနှစ်ပတ်လောက်တက်လိုက်ရကာ ဒီနေ့က ညှို့ဆေးရုံကဆင်းရမည့်နေ့ဖြစ်သည်။ နေ့လည်မှဆင်းရမှာပေမယ့် ဒီဒီနဲ့မန်နေဂျာက လိုအပ်တာတွေ အကုန်သွားလုပ်ပေးနေကြ၍ ဘေးနားတွင်မရှိ။ မောင်ထွေးက သူ့အမေနေမကောင်း၍ ခွင့်ယူထားကာ ဒီနေ့လိုက်မလာနိုင်။
ညှို့ဆေးရုံတက်နေစဉ်တစ်လျှောက်လုံးလည်း အနားယူပြီးပြီဖြစ်သည်။ မယူလို့လည်းမရ။ ချုပ်ရိုးဒဏ်ရာပြည်မည်စိုး၍ လှုပ်လှုပ်ရှားရှားအရာတွေကို ဆရာဝန်တွေက ရှောင်ခိုင်းထားသည်။ သို့အတွက် လက်ခံထားတဲ့ကြော်ငြာရိုက်ကွင်းတွေအကုန်ဖြတ်လိုက်ရသလို သူမတို့သူဌေး လျော်လိုက်ရတဲ့ငွေတွေဆိုတာလည်းမနဲ။ အချို့ကိုကျ ရက်ချိန်းပြန်ယူ၍ နောက်ရွေ့လိုက်ရသည်။
ညှို့က နိုင်ငံကျော်မင်းသမီးတစ်လက်မို့ အားလပ်ချိန်မရှိသလောက်နဲအောင် ရှူတင်ချိန်တွေနဲ့ ကြပ်ညက်နေသည်ဖြစ်ရာ ခုလိုကျန်းမာရေးထဖောက်တော့ အားလုံးကမောက်ကမ။ လျော်ကြေးငွေတွေအတွက် သူဌေးကဘာမှမပြောဘူးဆိုပေမယ့် နဲမှာမဟုတ်ဘူးဆိုတာ ညှို့သိသည်။ တစ်နာရီလောက်သာ အချိန်ပေးရသည့် ငါးမိနစ်ပိုင်းစာ ကြော်ငြာလေးတစ်ပုဒ်ကိုပင် ညှို့ဝင်ငွေက သိန်း(၅၀)အထက်မှာရှိ၏။ ညှို့က ကုမ္ပဏီရဲ့အဖိုးတန်လေးမို့သာ သူတို့သူဌေးမက ဒီလောက်ကြီးအထိ နားလည်ပေးထားတာ။
ထို့ကြောင့် ဆရာဝန်တွေနဲ့ညှိ၍ ဆေးရုံကဆင်းဖို့ မနဲပြောလိုက်ရသည်။ မဆင်းလို့လည်းမရ။ ခုတောင် ဇာတ်ကားအတွက် သူမရိုက်ရမယ့်အခန်းတွေက တောင်လိုပုံထပ်နေပြီဖြစ်သည်။ ဒါရိုက်တာနဲ့အဖွဲ့သားတွေကိုလည်း အားနာစရာ။
မိုးသားလွှမ်းကတော့ ညှို့ဆီပုံမှန်တစ်နေ့တစ်ခေါက်လောက်တော့ နေ့တိုင်းလာဖြစ်ကာ အခြားအခန်းတွေအရင်ရိုက်ထားတာမို့ နောက်ဆံတင်းစရာမလိုဘူးလို့ ဖြောင်းဖြသည်။ ဘယ်လိုပြောပြော ညှို့ကလည်း သူမအလုပ်ကို မပျက်ကွက်ချင်။ နောက် ဒီဇာတ်ကားကြီးပြီးရင် ထပ်ရိုက်ရမယ့် ဇာတ်လမ်းတွဲတွေလည်း ရှိနေသေးသည်။ သူတို့က ကမ်းလှမ်းထားတာကို ရိုက်ဖြစ်၊ မရိုက်ဖြစ် ညှို့အကြောင်းပြန်ပေးရဦးမည်။ အခြား ကြော်ငြာနဲ့ရှိုးပွဲတွေရော။

YOU ARE READING
My Stalker (မင်းရဲ့အရိပ်ကလေး) Completed
Romanceခဲမှန်ဖူးတဲ့စာသူငယ်မို့ အချစ်ကို နောက်တစ်ခါထပ်မယုံကြည်နိုင်တော့တဲ့ညှို့... အဲ့လိုဆုံးဖြတ်ခဲ့တာတောင် ရင်နဲ့ရင်းပြီးမောင့်အပေါ် ထပ်ချစ်ခဲ့တာလည်း ညှို့ပါပဲ... နှလုံးသားတစ်ခုလုံးက အတိတ်ရော၊ ပစ္စုပ္ပန်ရော ဒဏ်ရာဒဏ်ချက်အပြည့်နဲ့... အနာဂတ်မှာဘယ်လိုရှိမယ်မသ...