အပိုင်း (၂၁)

3.7K 55 2
                                        

My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၂၁)

တင်!

‘ခုနက မင်းကို ကိုယ်ဖုန်းဆက်သေးတယ်... မင်းမကိုင်လို့...’

ညှို့ အိပ်ယာဝင်ခါနီး မိုးသားလွှမ်းက စာလှမ်းပို့သည်။

‘အဲ့ဒီတုန်းက ထမင်းစားနေတာ...’

ညှို့တို့ ထမင်းစားတုန်းက (၇)နာရီ၊ အခု (၈)နာရီခွဲ။

‘အင်း... မင်း အခု ဘာလုပ်နေလဲ?’

‘အိပ်တော့မလို့...’

တကယ်လည်း ညှို့က စောင်ပုံထဲကနေ သူ့ကို စာလှမ်းပို့နေတာ...

‘အစောကြီးရှိသေးတယ်... စကားပြောရအောင်လေ...’

‘ခုလည်း ပြောနေတာပဲဟာ...’

‘ကိုယ်က vedio call ပြောချင်တာ...’

မိုးသားလွှမ်းက လူကတည်ငြိမ်သလောက် ကြံဖန်ရစ်တတ်တဲ့ကောင်လေး...။

‘ဒီအတိုင်းပြောတော့ ဘာလို့လဲ?’

‘စာရိုက်နေရတာကို စိတ်မရှည်ဘူး...’

ဪ... ကိုယ့်ချစ်သူဆီ စာရိုက်ပို့ဖို့တောင် စိတ်မရှည်တဲ့လူစားကို ညှို့တွေ့ဖူးလိုက်ပြီ။ ဩလည်း ဩချယူရသည်။ သူ့ပုံစံနဲ့က ဖြစ်လည်းဖြစ်နိုင်ပါသည်။ မလွဲသာလို့ ပြီးစလွယ်ချစ်သူတော်လိုက်ရပေမယ့် အလုပ်ရှုပ်ခံပြီး ညှို့ဆီ ဘာလို့ စာတွေရိုက်ချင်နေမှာလဲ?

နောက်ဆုံး သူ့စိတ်တိုင်းကျ VC ပြောပေးရသည်။ ကြားထဲ မင်းကုဋေက စာတိုတွေ လှမ်းလှမ်းပို့နေ၍ တစ်မှောက်။ VC ပြောရင်းတန်းလန်း ဝင်ကြည့်လို့အဆင်မပြေတာကြောင့် ပြီးမှကြည့်ပြီးစာပြန်ဖို့တွေးထားပေမယ့် ညှို့မေ့သွားခဲ့သည်။

သူနဲ့ဖုန်းပြောပြီးတော့ ညဆယ်နာရီကျော်နေပြီ...။ အချိန်တွေအများကြီး ဘယ်လိုကုန်သွားမှန်းမသိအောင်ကို ကြာသွားခဲ့၏။ ကြည်နူးရလွန်းလို့တော့မဟုတ်။ စိတ်ဆိုးဒေါသထွက်ရလွန်းလို့။

ညှို့လို လုပ်သက်ရင့် လူပေါင်းဆန့်သည့် သည်းခံပါရမီနဲ့ပြည့်ဝသော မင်းသမီးတစ်လတ်ကို စိတ်မဆိုး,ဆိုးအောင်၊ စိတ်မတို,တိုအောင် လုပ်နိုင်တဲ့သူမှာ မိုးသားလွှမ်းသာလျှင် ရှိသည်။ သူက ညှို့ကို အချိန်တိုင်း မထိမတိလိုက်စတတ်ပြီး သည်းခံစိတ်နဲ့ဒေါသကို ဆွပေးနိုင်သူလည်းဖြစ်သည်။ နောက်ပြီး ရှက်သွေးဖြာအောင်၊ ရင်ခုန်အောင်လည်း လုပ်နိုင်သေး၏။ ညှို့ ခဏခဏ အထိန်းအချုပ်မဲ့ရသည်မှာ သူနဲ့တွေ့ပြီးမှ...။

My Stalker (မင်းရဲ့အရိပ်ကလေး) CompletedWhere stories live. Discover now