*သခင့်ရဲ့ကျေးကျွန်*Part(2)
"ရွဲကဗျာ မင်းရေချိုးတာကြာနေပြီထွက်ခဲ့တော့"
ရွဲဘာမှပြန်မဖြေဘဲရေချိုးကန်ဘောင်ပေါ်ငုတ်တုတ်လေးထိုင်နေလိုက်သည်။
အမွှေးပွတဘက်သာပတ်ထားသည့်ပုံစံနဲ့ဦးစက်ရှေ့ထွက်ရမှာ
ရွဲရှက်မိသည်။ ငယ်ငယ်တုန်းကအကြောင်းမဟုတ်ပေမဲ့
အခုကျရွဲကအပျိုပေါက်လေးတစ်ယောက်လေ။
ဘယ်လိုမှဦးစက်ရှေ့ကိုထွက်သွားဖို့ဆိုတာအဆင်မပြေနိုင်။"ရွဲကဗျာ. . .ရွဲကဗျာ
ငါခေါ်တာမကြားလို့လား""ရှန် မဟုတ်ပါဘူးဦးစက်
ရွဲရေချိုးတာမပြီးသေးလို့ပါ""တော်ပြီ မပြီးလဲထွက်ခဲ့တော့"
ဘယ်လိုလူကြီးလဲ။
မပြီးသေးဘဲထွက်လာခိုင်းနေတာ။
ရွဲမျက်နှာလေးစူပုတ်ထားလိုက်မိသည်။
ရေချိုးခန်းတံခါးကိုမဝံ့မရဲလေးဖွင့်ကြည့်တော့ခပ်တင်းတင်းကြည့်နေသည့်မျက်နှာချောချောကိုတွေ့လိုက်ရသည်။ရွဲကဦးစက်ကိုပြူးပြူးလေးကြည့်နေမိတုန်းမှာဦးစက်ကတံခါးကိုဆွဲဖွင့်ပြီးရွဲလက်ကိုလှမ်းဆွဲသည်။
ဦးစက်ဆွဲလိုက်နဲ့အရှိန်နဲ့ကြမ်းပြင်ကဆပ်ပြာရည်တွေကြောင့်
ရွဲထိန်းမနိုင်သိမ်းမနိုင်ဗိုင်းခနဲလဲကျသွားသည်။စက် လက်ထဲကနေသူမလေးလက်
လွတ်ထွက်သွားပြီဆိုတဲ့ခံစားချက်ကြောင့်
ပြန်လှည့်ကြည့်တော့ရေချိုးခန်းဝတွင် ခြေစစ်လေးကိုနှိပ်နယ်နေသည့်
ငိုမဲ့မဲ့မျက်နှာပေးတဲ့သူမလေး။စက် စိုးရိမ်သွားကာနှိပ်နယ်နေသည့်
သူမလေးလက်ကိုဖယ်ကြည့်လိုက်တော့
ခြေစစ်ကနီရဲနေသည် ချက်ချင်းဆိုသလိုဖုတက်လာသည်။"ရွဲကဗျာ အရမ်းနာနေလားထကြည့်စမ်း"
"ဟင့်အင်း ရွဲမထနိုင်ဘူးဦးစက် အရမ်းနာတယ်"
"မင်းကလေလုပ်လိုက်ရင်"
"ရွဲလုပ်တာမှမဟုတ်တာဦးစက်ကရွဲကိုဆွဲခေါ်တာကို"
"ငါဆွဲတာအားမပါဘူး မင်းဘာမင်းလဲတာ"
စက် လေသံနည်းနည်းမာလိုက်တော့
ခွန်းတုံ့ပြန်နေသည့်ကောင်မလေးငြိမ်သွားသည်။