*သခင့်ရဲ့ကျေးကျွန်*Part(13)
"ရွဲ…သတိထား"
"ကိုကိုခေါင်ရေ ကယ်ပါအုံး"
ရွဲတစ်ယောက်ကတော့အခက်သား။
ကိုကိုခေါင်လဲမကယ်လိုက်နိုင်။
ဘယ်သူမှမကယ်လိုက်ရ။ လှေကားပေါ်ကနေပြုတ်ကျတော့သည်။"ဗုန်း……"
"အ…အား……နာတယ်"
"ဟဲ့ စောနောင် မြန်မြန်လာစမ်း
မင်းနောင် ပွေ့လေ ရွဲကိုပွေ့ပြီးအိမ်ထဲခေါ်""ကျနော်မနိုင်ဘူးဒေါ်ကြီးရဲ့"
"စောနောင်မြန်မြန်လာ ကူမစမ်း"
"လာပြီဒေါ်ကြီးလာပြီ"
စောနောင်ခြံဝကနေပြေးလာသည်။
ညီကိုနှစ်ယောက်ရွဲကိုဝိုင်းမကြသည်။တဖက်ခြံကတအားအားအော်သံကြောင့်
ခေါင် အပြေးလာခဲ့ပေမဲ့
ခြံတံခါးပိတ်ထားသည်။"အိမ်ရှင်တို့……အိမ်ရှင်တို့ တံခါးဖွင့်ပေးပါ"
"မရဘူးငါ့တူသခင်လေးကဘယ်သူ့မှတံခါးဖွင့်မပေးရဘူးမှာထားတယ်"
ခြံစောင့်တစ်ယောက်ကစီးပြောသည်။
"ကျနော်ကခုနကကောင်မလေးရွဲရဲ့အသိပါ
ကျနော့်ကိုတံခါးဖွင့်ပေးပါ""မမလေးကဘယ်အသိမှမရှိဘူး
ဖွင့်မပေးနိုင်ဘူး"ဘယ်လိုမှလဲပြောရမည့်ပုံမပေါ်တာကြောင့်
ခေါင်လက်လျှော့ခဲ့ရပြီး
ကိုယ့်ခြံဝန်းထဲကိုပြန်လာခဲ့ရသည်။
သူမပြုတ်ကျသွားတာမို့ခေါင်တကယ်စိတ်ပူသွားရသည်။
သူတို့သခင်လေးဆိုသည့်စက်ရှိန်သာတော့ရှိမည်မထင်။"အား……နာတယ် ဒေါ်ကြီးခြေထောက်ကနာတယ်"
"အေးအေးခဏလေးရွဲ ဒေါ်ကြီးသခင်လေးစီဖုန်းဆက်လိုက်မယ်
ဆေးရုံသွားကြမယ်နော်
ခဏအောင့်ထား"ဒေါ်ကြီး သခင်လေးစီဖုန်းခေါ်သည်။
အရေးကြီးမှလက်ကတောင်ဆိုမြောက်နှိပ်မိနေသည်။~~~~~~~~
"တွေ့ရတာဝမ်းသာပါတယ်
ကျနော်စက်ရှိန်သာပါ""ဟုတ်ကဲ့ကျနော်တို့လဲဝမ်းသာပါတယ်
ကိုစက်ရှိန်သာနဲ့တွေ့ချင်တာကကျေးဇူးတင်တဲ့အကြောင်းပြောချင်လို့ပါ
အလုပ်များရှုပ်သွားလားမသိဘူးဗျ"