*သခင့်ရဲ့ကျေးကျွန်*Part(24)
ဦးစက်နဲ့မမသိမ့်စကားပြောနေတာမို့ရွဲအိမ်အပြင်ဘက်ထွက်ခဲ့သည်။
ဦးစက်ကော်ဖီသောက်နေကျစားပွဲမှာထိုင်ရင်းဘာတွေဖြစ်မလာမလဲဆိုတာတွေးနေမိသည်။ရွဲထိုင်နေတာကြာပြီမို့အိမ်ထဲပြန်ဝင်လာချိန်
ဦးစက်ပြောတဲ့စကားကိုကြားလိုက်ရသည်။
ရွဲကဦးစက်ချစ်တဲ့သူဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးတဲ့လေ။
ရွဲကိုမုန်းတယ်လို့ပြောတာထက်အဲ့ဒီစကားကရွဲနှလုံးသားကိုသေဆုံးသွားစေနိုင်သည်။ဦးစက်ကရွဲကိုမှမချစ်နိုင်လဲ ရွဲဘက်ကပေးဆပ်ဖို့ပဲရှိတာပါ။
ဦးစက်ပျော်မယ်ဆိုရွဲဘာဖြစ်ဖြစ်လုပ်ပေးမှာ။"ဦးစက် ရွဲကိုတစ်ခုလောက်ပြောခွင့်ပေးပါ"
"ဒါမင်းကိစ္စမဟုတ်ဘူးရွဲကဗျာ မင်းဝင်မပါနဲ့"
"ရွဲမပါလို့မဖြစ်လို့ပါ ဦးစက်ကိုမမသိမ့်ကအထင်လွဲနေတယ်လေ
ရွဲရှင်းပြချင်တယ်""ငါအထင်လွဲနေတာမဟုတ်ဘူးရွဲကဗျာ အထင်နဲ့လဲငါဘယ်တော့မှမပြောဘူး ငါ့စကားကမင်းကိုထိခိုက်သွားတယ်ဆိုရင်ငါတောင်းပန်တယ်"
"မထိခိုက်ပါဘူးမမသိမ့်
ရွဲရှင်းပြတာကိုပဲနားထောင်ပေးပါ
ဦးစက်ကရွဲကိုလုံးဝမချစ်ပါဘူး ဦးစက်ကမမသိမ့်ကိုပဲချစ်တာပါ
ရွဲကိုဒီမှာထားတယ်ဆိုတာလဲမမသိမ့်နားမလည်နိုင်တဲ့အကြောင်းရှိနေလို့ပါ ဦးစက်ကိုအထင်မလွဲပါနဲ့နော် ရွဲပြောတာယုံပေးပါ""မင်းပြောတာကိုယုံစေချင်ရင် မင်းခေါင်နဲ့လက်ထပ်ပါ
အဲ့တာမှမင်းနဲ့စက်ကိုငါယုံပေးမယ်""ရွဲကကိုကိုခေါင်နဲ့လက်ထပ်ရမယ်၊
ရွဲလက်ထပ်ရင်မမသိမ့်ကဦးစက်ကိုအထင်မလွဲတော့ဘူးပေါ့နော်""ဟုတ်တယ်ငါအထင်မလွဲတော့ဘူး"
"ဒါဆိုရွဲ ကိုကိုခေါင်နဲ့လက်ထပ်ပါ့မယ်
ရွဲကိုခွင့်ပြုပေးပါဦးစက်""ခွင့်မပြုနိုင်ဘူး မင်းကဘာအတွက်လက်ထပ်မှာလဲ
မင်းရူးနေလို့လား""ရွဲလက်ထပ်လိုက်ရင်ဦးစက်နဲ့မမသိမ့်အဆင်ပြေသွားလိမ့်မယ်
ရွဲကြောင့်ဦးစက်ခံစားရမှာရွဲမလိုချင်ဘူး"