*သခင့်ရဲ့ကျေးကျွန်*Part(5)
ရွဲ ဆေးရုံမှာတစ်ပတ်ကျော်လောက်နေလိုက်ရသည်။
ထိုတစ်ပတ်လုံးဦးစက်အရိပ်အယောင်တောင်မမြင်ရ။
ဒဏ်ရာတွေကနာကျင်မှုမရှိတော့ပေမဲ့အညိုအမဲလေးတွေကတော့ရှိနေသေးသည်။ ရွဲဝတ်နေကျဂါဝန်လေးတွေဝတ်လို့အဆင်ပြေပါတော့မလား။
ဒေါ်ကြီးယူလာပေးသည့် ပါတိတ်အဝါပွင့်လေးကိုသာအင်္ကျီလက်ရှည်လေးနဲ့တွဲဝတ်လိုက်ရသည်။မင်းနောင်က ဆေးရုံရှေ့မှာကားနဲ့အဆင်သင့်စောင့်နေပေးသည်။
ဆေးရုံစရိတ်အားလုံးဦးစက်ရှင်ပေးပြီးသားလို့ဒေါ်ကြီးစီကသိရသည်။
ဆေးရုံတက်နေတဲ့တစ်ပတ်လုံးရွဲစားတဲ့အစားအစာကအစဦးစက်စီစဉ်ပေးတာတဲ့လေ။ ဒီနေ့ဆေးရုံကဆင်းတာတောင်
ဝတ်ရမဲ့အဝတ်စားကိုဦးစက်ပေးလိုက်တာလို့သိရသေးသည်။အဲ့လောက်အရာရာစီစဉ်ထားတာတောင်ရွဲစီကိုတခေါက်မှရောက်မလာသည့်ဦးစက်ပါ။
အလုပ်တွေအရမ်းရှုပ်နေလို့လား ရွဲကိုမတွေ့ချင်လို့လား။
ရွဲကိုစိတ်တိုနေတုန်းမို့လား။ ဒါမှမဟုတ် ရွဲကိုရိုက်ပြီးမှစိတ်မကောင်းဖြစ်နေလို့လား။ရွဲမဖြစ်နိုင်သည့်အရာကိုတွေးလိုက်မိသည်။
ဦးစက်ကသူလုပ်ခဲ့တဲ့အရာမှန်သမျှကိုဘယ်တုန်းကမှနောင်တရရိုးထုံးစံမရှိ။ ရွဲကိုရိုက်ခဲ့တဲ့အတွက်လဲသူနောင်တရမည်မဟုတ်။"ရွဲ ကားပေါ်တက်လေ"
ကားတံခါးဖွင့်ထားတာကိုမတက်ဘဲရပ်နေသည့်ရွဲကိုဒေါ်ကြီးကသတိပေးသည်။
"ဟုတ်"
မျက်ရည်ဥလေးကပေါက်ခနဲ့ကြွေကျလာရပြန်သည်။
ဦးစက်နဲ့ပတ်သတ်ရင်လွယ်လွန်းတဲ့ခံစားချက်နဲ့မျက်ရည်ကိုရွဲဘယ်လိုထိန်းချုပ်ရမလဲကွယ်။
ကလေးမို့စိတ်ကစားတယ်လို့သာရွဲယူဆလိုက်ချင်မိသည်။အိမ်တော်ကိုပြန်ရောက်တော့ခြံထဲမှာရွဲရဲ့နှင်းဆီနီနီလေးတွေရှိမနေတော့။
ရွဲစိုက်ခဲ့တဲ့ပန်းပင်လေးတွေတစ်ပင်မှမရှိတော့။
ထိုနေရာမှာအမိုးပါတဲ့စားပွဲဝိုင်းတစ်ခုသာတွေ့ရသည်ယ
သေချာကြည့်မိတော့မှထိုစားပွဲဝိုင်းလေးသည်
မနက်တိုင်းဦးစက်ကော်ဖီထိုင်သောက်သည့်စားပွဲဝိုင်း။
အရင်ကတော့ရွဲရဲ့နှင်းဆီတွေနဲ့မလှမ်းမကမ်းမှာထိုစားပွဲဝိုင်းလေးရှိသည်။
အခုတော့နှင်းဆီပင်တွေရဲ့နေရာကိုရောက်လာခဲ့သည်။
ဦးစက်ရဲ့အမိန့်ကြောင့်ပဲဖြစ်မည်။