*သခင့်ရဲ့ကျေးကျွန်*Part(7)
"ဦးစက် ရွဲကြောက်တယ်ရွဲကိုခေါ်ပါနော်"
"မင်းကငါ့စကားနားထောင်လို့လား"
"ရွဲတောင်းပန်ပါတယ် နောက်ဦးစက်စကားကိုနားထောင်ပါ့မယ်
ရွဲကိုတော့လွှတ်မချပါနဲ့နော်""မင်းအဲ့လိုပြောတာတခါမကတော့ဘူး
အဲ့ဒီအပြင်ကိုမင်းငါ့ကိုကလန်ကဆန်လဲလုပ်တယ်
ငါ့အမိန့်ကိုလဲမနာခံဘူး""ကလန်ကဆန်လဲမလုပ်တော့ပါဘူး
ဦးစက်အမိန့်ကိုလဲနာခံပါ့မယ်ရွဲကိုအပြစ်မပေးပါနဲ့နော်""ငါသာမင်းလက်ကိုလွှတ်ချလိုက်ရင်မင်းဘာဖြစ်သွားမယ်ထင်လဲ"
"ရွဲရေထဲကျပြီးသေသွားလိမ့်မယ်ဦးစက်ရဲ့"
"မင်းသေရမှာတော့ကြောက်တယ်ပေါ့"
"ဟုတ်ကြောက်တယ်"
"ဘာဖြစ်လို့ကြောက်တာလဲ''
အရေးထဲမှကလေးကလားတွေလာမေးနေရလားဦးစက်ရယ်။လူတိုင်းကတော့အချိန်မတန်ပဲသေမှာကြောက်ကြတာပဲလေ။ဒီလူ့ဂွစာကြီးကိုရွဲကဘယ်လိုပြောရမှာလဲ။
ကြောက်လွန်းလို့ရွဲရင်တွေတလှပ်လှပ်တုန်နေရသည်။"ဖြေလေငါမေးတာကိုမဖြေရင်. . ."
"ဦးစက်ကိုမတွေ့ရမှာစိုးလို့"
ထိုစကားသံအဆုံးရွဲလက်ကိုဦးစက်လွှတ်ပစ်လိုက်သည်။ ရွဲ အဖြေမှားသွားလို့လား ။ ရွဲဖြေတာအပြစ်ကြီးသွားလို့လားဖယ
"ဗွမ်း……"
"ဦးစက် ဖလူး…ဖလူး…ရွဲကိုကယ်ပါအုံး"
ရေကန်ထဲတွင်မြုပ်လိုက်ပေါ်လိုက်ဖြစ်နေသည့်ကောင်မလေး။
စက်လက်ပိုက်ပြီးကြည့်နေလိုက်သည်။
သေရမှာကြောက်တာတောင် စက် ကိုမတွေ့ရမှာစိုးသည်တဲ့လား။
မင်းရူးနေတာလားရွဲကဗျာ။ ရူးရင်တောင်ငါ့ကိုတရားခံဖြစ်အောင်မလုပ်ချင်စမ်းပါနဲ့ကွာ။စက်အင်္ကျီကိုချွတ်ထားခဲ့ပြီးရေထဲခုန်ချလိုက်သည်။
မြုပ်လိုက်ပေါ်လိုက်ဖြစ်နေသောသူမကိုလှမ်းဆွဲလိုက်တော့
သူမကြောက်လန့်တကြားစက်ကိုပြန်ဖက်ထားသည်။
အကြောက်အကန်ဖြစ်နေသည့်သူမကြောင့်နှစ်ယောက်လုံးရေနစ်ရတော့မည်။
ရေကူးကန်အလည်တွင်မက်တပ်ရပ်ပစ်လိုက်သည် ။
ရေကစက်ရဲ့ရင်ဘတ်လောက်အထိရှိသည်။
သူမဆိုရင်လည်မျိုအထိရှိလိမ့်မည်။
သူမကိုခါးကနေပွေ့ထားသည်မို့သူမခြေထောက်က
ရေကန်အောက်ခြေနှင့်ထိမနေပါ။