*သခင့်ရဲ့ကျေးကျွန်*
မှောင်မဲနေပြီး ဟိုတယ်တစ်ခုလုံးသည် တိတ်ဆိတ်လျှက်။
"ရွဲ"
"မမသိမ့်"
မမသိမ့်လက်ကိုဆုပ်ကိုင်ထားလိုက်သည်။
ကြောက်တာရယ်လို့မဟုတ်ပေမဲ့ ဘာမှမမြင်ရတော့ နည်းနည်းလန့်တာပေါ့။
ကိုကိုခေါင်က အသံပင်မကြား။"ဟင်"
တွဲထားသည့် မမသိမ့်လက်ထဲကနေ ရွဲလက်ကိုတစ်စုံတစ်ယောက်ကဆွဲခေါ်သွားသည်။
"ဘယ်သူလဲ"
အမှောင်ထဲ ရုန်းရင်းကန်ရင်းပါသွားရသည်။
မမသိမ့်စီကလဲဘာသံမှမကြားရတော့။"ဟင့် …… ဘယ်သူလဲ လက်ကိုလွှတ်"
"ဘယ်ကိုခေါ်သွားနေတာလဲ
ဒါရွဲပိုင်နက်နော် ရဲတိုင်လိုက်ရမလား""ပြောနေတယ်လေ စကားပြန်မပြောတက်ဘူးလား"
နောက်ဆုံးတော့ အမှောင်ထဲက လူသည် ရွဲလက်ကိုလွှတ်ပေးသည်။
ထိုအခါမှ ရွဲလဲအကြောက်ပြေသွားရသည်။
သို့ပေမဲ့ ဘယ်ထွက်ပြေးရမှန်းမသိ။
ရောက်နေတာကလဲ ဟိုတယ်အထဲဆိုတာသိပေမဲ့ ဘယ်နေရာဆိုတာ ခန့်မှန်းလို့မရ။"🎶🎶🎶🎶🎶🎶"
"🎵🎵🎵🎵🎵"
သီချင်းသံသဲ့သဲ့လေးကိုကြားလိုက်ရသည်။
အလင်းရောင်ဖြာကျလာမှုကြောင့် ရွဲမျက်လုံးတွေကို မှိတ်ချလိုက်မိသည်။
တဖြေးဖြေးချင်းပြန်ဖွင့်ကြည့်တော့ ရွဲရှေ့မှာ အဖြူရောင် LED တစ်ခု။ထို LED ထဲတွင် တဖြေးဖြေး ပုံရိပ်လေးတွေပေါ်လာသည်။
ရွဲရဲ့ပုံလေးတွေဖြစ်သည်။
ရွဲပါးစပ်အဟောင်းသားနှင့်သာကြည့်နေမိသည်။
ပုံတွေအကုန်လုံးပြီးသွားတော့ စာတန်းတစ်ခုပေါ်လာသည်။"Will you marry me"တဲ့။
ဘယ်သူကရွဲကိုလက်ထပ်ခွင့်တောင်းနေတာပါလိမ့်။
ရွဲအနီးအနားအကုန်လှည့်ကြည့်တော့လဲဘယ်သူမှမရှိ။
ရပ်နေသည့် ကြမ်းပြင်ကိုကြည့်မိတော့ မျက်လုံးပြူးရပြန်သည်။
ရွဲရပ်နေတာ နှင်းဆီပွင့်ဖက်တွေပေါ်၌ဖြစ်သည်။မျက်ဝန်းတွေပေါ်ကျရောက်လာသည့် လက်တစ်စုံကြောင့် ရွဲလက်ချောင်းတွေ ထိုလက်ပေါ်အုပ်ကိုင်မိသွားသည်။
ဆွဲဖယ်သော်လည်း မရ။