*သခင့်ရဲ့ကျေးကျွန်*Part(28)
ဒေါက်……ဒေါက်………
"သူဌေး ကျနော်ဝင်လာလို့ရမလား"
"ဝင်ခဲ့"
စက်ရဲ့မန်နေဂျာဖြစ်သည်။
မျက်နှာအနေအထားကသိပ်မကောင်းလှ။"ဘာပြောစရာရှိလို့လဲ"
"ဒီလိုပါသူဌေး ဟိုနေ့ကအစည်းဝေးပွဲပျက်သွားလို့
ရှယ်ယာတချို့ကထွက်မယ်လို့ပြောလာကြပါတယ်
ဒါမှမဟုတ်သူဌေးအနေနဲ့အစည်းဝေးပြန်လုပ်ချင်တယ်ဆိုရင်
ကျနော်ပြန်အကြောင်းကြားပေးပါ့မယ်
လောလောဆယ်ကျနော်တို့ပျက်ကွက်မှုအတွက်ကျနော်တောင်းပန်ထားပါတယ်""အင်း ထွက်မယ်ဆိုတဲ့ရှယ်ယာတွေကိုသူတို့ကြိုက်သလိုလုပ်ခိုင်းလိုက်
အစည်းဝေးထပ်လုပ်ဖို့ငါမအားသေးဘူး ဒီလချုပ်စာရင်းတွေအကုန်မင်းစစ်လိုက် ဟိုတယ်ရဲ့ပြည်တွင်းလူဦးရေအဝင်နှုန်းနဲ့ပြည်ပခရီးသည်ဝင်နှုန်းသေချာခွဲလိုက် နောက်မှငါထပ်ပြောမယ်""ဟုတ်ကဲ့သူဌေး ကျနော်တစ်ခုလောက်ထပ်ပြောလို့ရမလား"
"ဘာလဲ"
"ကျနော့်အနေနဲ့အစည်းဝေးလုပ်စေချင်တယ်
မဟုတ်ရင်ကျနော်တို့ဟိုတယ်ထိခိုက်လာနိုင်တယ်သူဌေး""အဲ့ဒါကိုစိတ်ပူမနေပါနဲ့ ငါ့ဘာသာဖြေရှင်းလိုက်မယ်
လောလောဆယ်ဟိုတယ်ဝန်ထမ်းတွေအားလုံးကိုမင်းတာဝန်ယူထားအုံး
ကိစ္စတိုင်းမင်းရှိနေမှဖြစ်မှာ""သူဌေးနိုင်ငံခြားသွားစရာကိစ္စရှိလို့လား"
"မရှိဘူး ဒါပေမဲ့ဒီရက်ပိုင်းငါမအားဘူးလို့ပဲသိထား အဲ့ဒါကြောင့်
ငါမင်းကိုယုံကြည်မယ်""ဟုတ်ကဲ့သူဌေး"
မန်နေဂျာပြန်ထွက်သွားသည်။
သူမစက်ကိုမမှတ်မိလို့ခေါင်းကိုက်နေရတာကတစ်မျိုး။
အလုပ်ကိစ္စတွေကတောက်ကစဖြစ်နေတာကတစ်မျိုး။
အဆင်မပြေဖြစ်ရင်ဘာလို့များစုပုံဖြစ်လာရသနည်း။စက်လဲဘဝတစ်ခုကိုအေးအေးချမ်းချမ်းဖြတ်သန်းချင်မိပါသည်။
အရာရာကိုခွင့်လွတ်နားလည်တက်တဲ့လူတစ်ယောက်ဖြစ်ချင်မိပါသည်။
အမြစ်တွယ်လာခဲ့တဲ့ဒဏ်ရာဆိုတော့လဲဘယ်လိုလုပ်လွယ်လွယ်နဲ့ပျောက်နိုင်ပါ့မလဲ။ကိုယ်ခံစားခဲ့ရတာကခါးသီးလွန်းခဲ့တာမို့
မေ့ဖျောက်ပစ်လိုက်ဖို့ဆိုတာစက်အတွက်တကယ်ခက်ခဲလှပါသည်။