16

4.3K 36 0
                                    

*သခင့်ရဲ့ကျေးကျွန်*Part(16)

အစွန်းအထင်းမရှိတဲ့ စက်ရှိန်သာ ဆိုတဲ့အမည်ကို
ဘာမဟုတ်တဲ့မိန်းမကြောင့်တော့အစွန်းအထင်းမခံနိုင်။
အဲ့ဒါကြောင့်လဲမင်းသမီးရောင်ဇဉ်သွေးကိုအတက်နိုင်ဆုံးရှောင်သည်။
ကိုယ့်ဟိုတယ်ကိုလာတာတောင်သူမ မသိအောင်လာရတဲ့အဖြစ်။
ကိုယ့်အလုပ်ကိုလုပ်နေတာတောင် အဲ့မိန်းမ မသိအောင်ပုန်းနေရတဲ့အဖြစ်။
စက်'တော့ဒီတလောဘာဖြစ်နေမှန်းမသိ။ ကံနိမ့်ချင်နေတာလား
စမ်းပွင့်ချင်နေတာလားမသိတော့။

"သူဌေး......သူဌေး"

စက်ဘာမှပြန်မဖြေလို့အတွင်းရေးမှုးကအဆက်မပျက်ခေါ်တော့သည်။

"ရတယ်ဝင်ခွင့်ပေး........."

"ဂျောက်......"

စကားတောင်မဆုံးလိုက်။မင်းသမီးကစက်အခန်းတံခါးကိုဖွင့်ပြီးအထဲရောက်လာသည်။

"ဘာကိစ္စရှိလို့လဲမရောင်ဇဉ်သွေး
အလုပ်ကိစ္စအားလုံးမန်နေဂျာနဲ့လွှဲထားပြီးသားပါ
အဆင်မပြေတာရှိရင်ကျနော်မန်နေဂျာကိုခေါ်ပေးပါ့မယ်
ခဏစောင့်ပါ......"

"no no ကိုစက်၊ ရောင်ဇဉ်လာတာအလုပ်ကိစ္စမဟုတ်ဘူး"

"တခြားဘာကိစ္စမှကျနော်နဲ့မရောင်ဇဉ်သွေးကြားမှာမရှိဘူးထင်ပါတယ်"

"မရှိပါဘူး အခုမှရှိအောင်ဖန်တီးမလို့"

"ပြောစရာမယ်မယ်ရရမရှိရင်ကျနော်ရုံးခန်းကနေထွက်သွားပေးပါလား
ကျနော့်မှာမရောင်ဇဉ်သွေးကိုဧည့်ခံဖို့အချိန်မရှိလို့ပါ"

"ချေလိုက်တာကလဲလွန်ပါရောလားကိုစက်ရယ်၊
မင်းသမီးရောင်ဇဉ်သွေးဆိုရင် တသီးတသန့်တွေ့ချင်နေတဲ့ယောကျာ်းတွေမှအများကြီးပါ
ကိုစက်ကဘယ်လိုဖြစ်တာလဲ"

"အဲ့ယောကျာ်းတွေထဲမှာကျနော်မပါလို့ဖြစ်ပါလိမ့်မယ်"

"ဟုတ်ပါတယ် ကိုစက်မပါ ပါဘူး
ရောင်ဇဉ်ကသီးသန့်လာတွေ့တာတောင်ကိုစက်ကပြန်ခိုင်းနေတယ်
ရောင်ဇဉ်ကတော့မပြန်ချင်ဘူး"

"မပြန်ချင်လဲနေပါ ကျနော်အပြင်သွားလိုက်အုံးမယ်ခွင့်ပြုပါအုံး"

သခင့်ရဲ့ကျေးကျွန် [Completed]Where stories live. Discover now