*သခင့်ရဲ့ကျေးကျွန်*
"ဦးစက်မောင်းနော် ရွဲဘေးကပဲလိုက်မယ်"
ကားမောင်သူနေရာ ဦးစက်ကိုထိုင်ခိုင်းရင်းပြောလိုက်သည်။
"သဘောပါဗျာ ကားမောင်းခကို ဟိုတယ်ရောက်ရင်ပေးရမယ်"
"The King ဟိုတယ်ပိုင်ရှင်ကြီး
အရင်တုန်းကလဲကိုယ်တိုင်မောင်းတာပဲလေ
ဘယ်သူကကားခပေးလို့လဲ""အရင်တုန်းကနဲ့မတူတော့ဘူးလေ
အခုသူဌေးမလေးရှိနေတာကို""ပေးပါ့မယ် ပေးပါ့မယ် နောက်ကျနေပြီမြန်မြန်သွားစို့ အရေးကြီးတဲ့ အစည်းဝေးရှိတယ်"
ထိုအခါမှ ဦးစက်ကားကိုဘီးလှိမ့်တော့သည်။
ဟိုတယ်ကိုလာတဲ့လမ်းတစ်လျှောက် အပြောင်းအလဲသိပ်မရှိသည်မို့ စက်မငေးဖြစ်။
ငေးမိတာကတော့ ဘေးကထိုင်နေတဲ့ကောင်မလေးကိုပါပဲ။
ဘယ်တော့မှရိုးမသွားမည့် သဘာဝအလှစစ်လေး။
ပေါ်တင်ကြည့်နေလို့ရပေမဲ့လဲ ခိုးကြည့်နေရတာကပိုအရသာရှိသည်။ဟိုတယ်ရှေ့ရောက်တော့ ကားပေါ်ကဆင်းဖို့ စက်အနည်းငယ်တွန့်ဆုတ်မိသည်။
ပထမဦးဆုံးအကြိမ် သိမ်ငယ်မိခြင်း။အမြဲတမ်းယုံကြည်မှုအပြည့်နှင့်နေခဲ့ပေမဲ့
ကိုယ်ဟာရာဇဝတ်သားဖြစ်ခဲ့ဖူးတာမို့ လေးစားကြပါတော့မလား။
လူတိုင်းရိုသေလေးစားစွာဆက်ဆံတာကို ခံခဲ့ရသူမို့ မနှစ်မျို့စွာ ကြည့်ကြမည့် မျက်လုံးတွေကို
စက်ရင်ဆိုင်နိုင်ပါ့မလား။စက်လက်ဖဝါးထဲကိုဝင်ရောက်လာသည့် လက်သေးသေးလေး။
ခပ်တင်းတင်းလာရောက်ဆုပ်ကိုင်သည်မို့
စက်ကိုအားပေးနေတယ်ဆိုတာသိသည်။"ရွဲအတွက် ပထမဆုံးအနေနဲ့ ယုံကြည်မှုရှိပေးပါဦးစက်"
လုံခြုံရေးက တံခါးလာဖွင့်ပေးသည်မို့ နှစ်ယောက်လုံးကားပေါ်ကဆင်းခဲ့သည်။
ခြောက်နှစ်ကျော်ဆိုတဲ့အချိန်မှာ ဟိုတယ်ဝန်ထမ်းတွေလဲ ပြောင်းလဲမှုတွေရှိတာမို့ လုံခြုံရေးသည်လဲ စက်ကိုမည်သူဆိုတာသိမည်မဟုတ်။
ရွဲကစက်အနားကိုရောက်လာပြီး လက်မောင်းကိုလာချိတ်သည်။
လာကြိုသည့် ဝန်ထမ်းတွေကိုလဲသူမပြုံးပြသည်။
စက်ကိုမသိကြတဲ့သူတွေမို့ စပ်စုသောအကြည့်များကိုမြင်နေရသည်။