*သခင့်ရဲ့ကျေးကျွန်*Part(4)
"ဦးစက် ရွဲတောင်းပန်ပါတယ်
ရွဲပန်းပင်လေးတွေကိုမခုတ်ခိုင်းပါနဲ့
နောက်ထပ်ဦးစက်စိတ်တိုအောင်မလုပ်တော့ပါဘူး""တောက်၊ ရွဲကဗျာ ငါမင်းကိုပြောနေတာမကြားတာလား"
"ရွဲ လာပါကွယ် သခင်လေးမနက်စာစားနေတာကိုမနှောက်ယှက်ပါနဲ့"
ဒေါ်ကြီးကရွဲကိုဆွဲခေါ်သည်။
ရွဲ မလိုက်ဘဲရပ်နေမိဆဲ။"ဦးစက် အမိန့်ကိုပြင်မပေးရင် ရွဲလဲဦးစက်ကိုနှောက်ယှက်မှာပဲ"
"ဟာကွာ. . "
"ခွမ်း"
"အားးးး"
ရွဲလန့်အော်မိသည်။
ဦးစက်က စားလက်စမနက်စာပန်းကန်ကိုပေါက်ခွဲပစ်လိုက်ပြီး
ရွဲကိုဒေါသတကြီးကြည့်သည်။ရွဲရဲ့အင်္ကျီလည်ပင်းကပန်းပွင့်လေးကိုစောင့်ဆွဲကာ ရွဲမျက်နှာကိုအနီးကပ်ကြည့်သည်။
"ရွဲကဗျာ ၊ မင်းငါ့ကိုအာခံနေတာလား"
ဦးစက်အသံကတကယ်ကိုတင်းမာနေသည်။
"အာ့... ဦးစက် လွှတ်ပါ ရွဲလည်ပင်းနာတယ်
အသက်ရှူကျပ်တယ် လက်ဖယ်ပေး"ရွဲ ဦးစက်လက်တွေကိုဆွဲဖယ်နေမိသည်။
တကယ်လဲအသက်ရှူ ကျပ်ရသည်။
လည်ပင်းခပ်ကျပ်ကျပ်အင်္ကျီကိုဆွဲထားတော့
ပိုပြီတင်းကျပ်နေရသည်။"ငါ့ကိုအာခံဖို့မကြိုးစားနဲ့၊
ငါ့အမိန့်ကိုပြန်ပြင်ဖို့ဘယ်တော့မှမပြောနဲ့
မင်းလူ့လောကထဲမှာကြာကြာနေချင်သေးရင်
ငါထားတဲ့နေရာပဲနေ"ရွဲ ကိုစောင့်တွန်းပစ်ပြီးထွက်သွားသည်။
ရွဲထမင်းစားခန်းထဲမှာပုံပုံလေးလဲကျန်ခဲ့သည်။
အပြင်ကကားသံကြောင့်ဦးစက်အလုပ်သွားပြီဆိုတာသိလိုက်ရသည်။လောကကြီးမှာကြာကြာနေချင်သေးရင်တဲ့လား။
နေချင်တာပေါ့။ရွဲလောကကြီးမှာအချိန်အကြာကြီးနေချင်ပါတယ်။
အထူးသဖြင့်ဦးစက်အနားမှာနေချင်သေးတယ်။
ဦးစက်အနားမှာပဲနေချင်ရင် ဦးစက်အမိန့်ရမှနေရမယ်ဆိုတာလဲသိနေလျှက်။