21

4.1K 36 0
                                    

*သခင့်ရဲ့ကျေးကျွန်*Part(21)

"မမ ရွဲဒါလေးဝတ်မယ် ရွဲနဲ့အဆင်ပြေလောက်လားဟင်"

"အဆင်ပြေတာပေါ့ညီမလေးအသားကဖြူ ဝင်းနေတာနဲ့အနီရဲရဲလေးကွတ်တိပဲ နှင်းဆီပွင့်ဖတ်လေးတွေနဲ့ဆိုပိုပြီးဆွဲဆောင်မှုရှိအုံးမှာ"

"ဦးစက်အတွက်ကရော"

"မင်းကအနီရောင်ဆိုတော့သူ့အတွက်အနက်မှအဆင်ပြေလိမ့်မယ်
အနီဆိုလိုက်မှာမဟုတ်ဘူး"

"အော် "

"လာညီမလေးထိုင်မျက်နှာလေးကိုပြင်လိုက်ကြစို့"

ရွဲထိုင်ခုံမှာငြိမ်ငြိမ်လေးထိုင်လိုက်သည်။
ထို့နောက်ရွဲကိုပြင်ဆင်ပေးခြင်းအလုပ်စတင်ကြသည်။
ပြင်ပေးနေတဲ့လူတွေတော့မသိရွဲကတော့အိပ်ချင်လာသည်။
ခါးပြတ်မှန်တချပ်ကိုရွဲရှေ့မှာထောင်ပေးထားပေမဲ့
မကြည့်မိပါ။မျက်လုံးသာမှိတ်ထားလိုက်သည်။
~~~~~~~

"ring……ring……"

"hello မမရောင်ဇဉ်ဘာကိစ္စလဲ မဆက်သဖူးဖုန်းတွေဆက်လာပါလား"

"ခေါင် မင်းကလောမှာဆိုတို့ကြားထားတယ်"

"ဟုတ်တယ်မမရောင်ဇဉ်ကျနော်အလုပ်ကိစ္စနဲ့လေ
ပြီးတော့ကလောမှာပဲအိမ်ဝယ်ထားတယ်
မမရောင်ဇဉ်ရောအခုဘယ်မှာကားရိုက်နေတာလဲ"

"တို့လဲကလောမှာပဲ မနေ့ကပဲရိုက်ကူးရေးပြီးတာ
နောက်တစ်ရက်လောက်နေပြီးပြန်တော့မှာ"

"အော်"

"ခေါင်မင်းအခုရောအားရဲ့လား"

"အားပါတယ်မမရောင်ဇဉ်ဘာဖြစ်လို့လဲ"

"တို့ပါတီပွဲလုပ်နေတယ်မင်းလာခဲ့ပါလား"

"ဝါးတီးရောပါလားမမရောင်ဇဉ်"

"ရှယ်ပဲနော်မင်းမလာရင်နောင်တရသွားမယ်"

"အဟားးဒါဆိုလာခဲ့မယ်ဘယ်မှာလုပ်တာလဲပါတီပွဲက"

"The King ဟိုတယ်မှာ7နာရီပွဲစမယ်"

"The Kingဟိုတယ်"
ဒါကစက်ရှိန်သာရဲ့ဟိုတယ်ဆိုတာခေါင်သိသည်။

"ဟုတ်တယ်လေခေါင် မင်းလာတက်တယ်မို့လား"

"ဟုတ်လာတက်ပါတယ်"

သခင့်ရဲ့ကျေးကျွန် [Completed]Where stories live. Discover now