*သခင့်ရဲ့ကျေးကျွန်*Part(8)
စက် အိပ်ယာထတော့စံအိမ်ကိုတစ်ပတ် ပတ်ပြေးလိုက်သည်။
ထို့နောက်အဝတ်စားလဲကာမနက်စာစားသည်။
မနက်စာစားပြီးချိန်ထိသူမ မနိုးသေး။
ဧည့်ခန်းနံရံကဒူးလေးနဲ့ပြစ္စတိုတစ်လက်ကိုယူပြီးမြင်းစောင်းဘက်ဆင်းလာခဲ့လိုက်သည်။
စံအိမ်ရဲ့နှစ်မိုင်အကွာလောက်တွင်တောင်ကုန်းတစ်ခုရှိသည်။
ထိုတောင်ခြေတွင်သားကောင်များလာလေ့ရှိတာမို့
စက်အပန်းဖြေစံအိမ်ကိုလာတိုင်းတောင်ခြေသို့သွားကာ
သားကောင်အပြစ်ထွက်လေ့ရှိသည်။"ဦးနောင် ကျနော်မြင်းယူသွားမယ်အစာကျွေးထားလား"
"ကျွေးထားပါတယ်သခင်လေး
သားကောင်လိုက်ထွက်တော့မလို့လားသခင်လေး""ဟုတ်တယ်"
"တစ်ယောက်ထဲသွားမှာလား
ကျနော်လိုက်ခဲ့ပေးမယ်လေ""နေပါစေဦးနောင်ကျနော်တစ်ယောက်ထဲသွားနေကြပဲကိစ္စမရှိပါဘူး"
"ဟိုတလောကကျားတစ်ကောင်တောင်ခြေကိုရောက်လာသေးတယ်လို့ပြောကြသေးတယ်သခင်လေး ဂရုစိုက်ပြီးသွားအုံး"
"ကျားကိုကြိုးချည်ထားတာမှမဟုတ်တာဦးနောင်ရာ
တစ်နေရာထဲမှာအမြဲမရှိနိုင်ပါဘူး"ဦးနောင်က စက်စီးနေကျမြင်းကိုစောင်းတဲအပြင်ဆွဲလာပေးသည်။
မြင်းနှီးကုန်းသေချာတင်ပေးသည်။
စက် မြင်းပေါ်သို့လွှားခနဲခုန်တက်လိုက်သည်။"ဦးစက်……ဦးစက်……နေပါအုံး"
စံအိမ်ကနေကုန်းစောင်းအတိုင်းတကျော်ကျော်အော်ကာပြေးဆင်းလာသည့်ရွဲကဗျာ။ ပြေးလာနေပုံကမှောက်ယက်လဲချင်စရာ။
စက်အနားကိုရောက်လာတော့…"ဟောဟဲ……ဟောဟဲ…ဦးစက်ဘယ်သွားမလို့လဲ"
"ဘယ်သွားသွားပေါ့
သွားမင်းအိမ်ထဲပြန်တော့ငါမအားဘူး""ရွဲလဲဦးစက်နဲ့လိုက်ချင်တယ်"
"လိုက်လို့မရဘူး"
"မရဘူးရွဲလိုက်ချင်တယ်"
"ဒါဆိုမင်းမြင်းစီးတက်လားပြော"
အမြင်ကပ်ကပ်နဲ့ရွဲ့မေးလိုက်တာဖြစ်သည်။
"ရှန်…မြင်းကဘယ်လိုလုပ်စီးတက်မှာလဲ"