*သခင့်ရဲ့ကျေးကျွန်*Part(18)
"ရွဲကဗျာ……ရွဲကဗျာ"
"ရှန် ဦးစက်"
ဦးစက်ရဲ့အသံကြောင့်ရွဲအခန်းထဲကနေပြေးထွက်ခဲ့ရသည်။
မနက်ကဟိုမိန်းမကိစ္စကြောင့်ရွဲအဆူခံရတော့မည်ထင်ပါသည်။"ဦးစက်"
"မင်းဘာလုပ်နေတာလဲ"
"ဦးစက်ပြန်လာတော့မှာမို့ရွဲကအခန်းထဲဝင်နေတာပါ
မနက်……""ငါသိတယ် သူမင်းကိုဘာတွေထပ်ပြောသေးလဲ"
"ရွဲကိုဦးစက်ရဲ့ချစ်သူလားမေးတယ်
ရွဲဘာမှပြန်မဖြေရသေးခင်ဦးစက်ဖုန်းဝင်လာတာ""တော်သေးတာပေါ့ကွာ
ငါကအားလုံးလွဲသွားပြီထင်လိုက်တာ""ဘာလဲဟင်ဦးစက်"
"ဘာမှမဟုတ်ဘူး ရပြီမင်းသွားတော့"
"ဦးစက် ရွဲကိုမဆူတော့ဘူးလား"
"မင်းအမှားမှမရှိတာ"
စက်ထိုမျှသာပြောခဲ့သည်။
ကောင်မလေးစက်ကိုကြောက်နေတာသိသာသည်။
ဒီတခါသူမတော်သွားသည်။စက်ကသူမကစက်ရဲ့ချစ်သူပါဖြေလိုက်သည်။
သူမကမဟုတ်ဘူးမပြောလိုက်တာကံကောင်းသည်။
မဟုတ်ရင်လိမ်သမျှအကုန်ပေါ်မှာအသေအချာ။
ရောင်ဇဉ်သွေးပြောတဲ့ပါတီပွဲကျရင်သာ
သူမကိုပွဲထုတ်သွားရပေလိမ့်မည်။ပါတီပွဲကဘယ်ချိန်ဆိုတာတော့မသိ။ကြိုတင်ပြင်ဆင်ထားရမှာကစက်ရဲ့တာဝန်။ဒါမှသာအားလုံးအဆင်ပြေလိမ့်မည်။
လောလောဆယ်တော့ခဏနားပြီးမနက်ဖန် မိဘတွေရှိတဲ့ရန်ကုန်သွားဖို့ပြင်ဆင်ရမည်။
မိဘတွေစီသွားဖို့အပြင်စက်မှာတခြားစုံစမ်းစရာကိစ္စလေးတွေလဲရှိသေးသည် ။
သူမကိုထားခဲ့လို့ဖြစ်ပါ့မလားတော့မသိ။
ဟိုကောင်လေးလဲဒီရက်ပိုင်းမတွေ့ရ။ စောနောင်ကိုစောင့်ကြည့်ခိုင်းထားရသည်။
စက်အဖြစ်ကကိုယ်လဲမလိုချင်သူများယူမှာလဲကြောက်ဖြစ်နေသည်။
______+_______+_______"မင်းလဲပြန်လာသေးတယ်နော်ခေါင်"
"မာမီကလဲပြန်လာရတာပေါ့ဗျ ပိုက်ဆံကကုန်ပြီလေ"
"ထင်သားပဲ ပြောဘယ်နှရက်နေမှာလဲ"
"2ရက်လောက်ပဲမာမီသားအလုပ်တွေရှိသေးတယ်
မမရော အိမ်ပြန်မလာဘူးလား"