*သခင့်ရဲ့ကျေးကျွန်*Part(9)
ရွဲမြေပြင်သို့လဲကျသွားသည့်နောက်
တရွတ်ဆွဲအနေအထားအတိုင်းနောက်ဆုတ်နေမိသည်။
ကျားကောင်သည်ရွဲထံတဖြေးဖြေးတိုးလာနေသည်။ဒီဘဝမှာသေသွားရင်နောက်ဘဝအဆက်ဆက်ဦးစက်ထံမှာသာကျေးကျွန်တစ်ယောက်ဖြစ်ပါရစေ။
ဦးစက်ကအမုန်းမရှိတဲ့အရှင်သခင်တစ်ယောက်အဖြစ်နဲ့ရှိနေပြီး ရွဲက
ဂရုစိုက်ခွင့်အပြည့်ရှိတဲ့ကျွန်တစ်ယောက်အဖြစ်သနားတက်တဲ့သခင်ထံပါးမှာပဲခစားပါရစေတော့ဦးစက်ရယ်။ဆုတောင်းစကားများရင်တွင်း၌သာခြွေရင်း
မျက်လုံးကိုစုံမှိတ်ထားမိသည်။ဒီလိုအခြေအနေမှာ
ရွဲအသက်ရှင်ဖို့ဆိုတာမဖြစ်နိုင်တော့ပါ ။"ဝေါင်း………"
"ဒိုင်း……"
ကျားဟိန်းသံနှင့်သေနတ်သံတစ်ပြိုင်နက်ထဲထွက်ပေါ်သွားသည်။
~~~~~~~~
စက် သူမကိုရှာနေရင်းသေနတ်သံကြားလိုက်ရသောကြောင့်
သေနတ်သံကြားရာဘက်ကိုအမြန်ပြေးခဲ့ရသည်။
သားကောင်အသေကိုလဲပစ်ချထားခဲ့သည်။"ရွဲ……ရွဲရေ……ရွဲကဗျာ"
စက်မြင်လိုက်ရသည့်မြင်ကွင်းကြောင့်အပူမီးကအနည်းငယ်လျော့ကျသွားစေသည်။
ကျားသည်မြေပြင်တွင်လဲနေပြီး
သူမသည်လဲ လဲကျလျှက်။
သူမဘေးနားတွင်လူတစ်ယောက်ပါရှိနေသည်။
ထိုလူသည်သူမကိုလှုပ်နှိုးနေပုံရသည်။
စက်သူမအနားသို့အမြန်လာခဲ့သည်။"ရွဲကဗျာ. .ရွဲ…ရွဲ…"
"သူကခင်ဗျားအသိလား"
အမည်မသိလူကစက်ကိုမေးသည်။
"ဟုတ်တယ် ကိုယ်နဲ့လမ်းကွဲသွားတာ
သူ့ကိုလိုက်ရှာနေတာဒီဘက်ကသေနတ်သံကြားလို့ပြေးလာတာ""အော် သူ့ကိုကျားကိုက်တော့မလို့
ကျနော်လဲမြင်တာနဲ့ကူညီလိုက်တာတော်သေးတယ်ကျားကိုထိလို့
မဟုတ်ရင်သူရောကျနော်ရောအသေပဲ""ကျေးဇူးတင်ပါတယ်"
"ခင်ဗျားဘာနဲ့လာတာလဲကျနော့်မှာကားပါတယ်
လိုက်ပို့ပေးမယ်လေ"