*သခင့်ရဲ့ကျေးကျွန်*Part(30)
"အဟင့်……အင့်……ဦးစက်"
ရွဲလေးသတိရလာတဲ့အချိန်မှာနှုတ်ဖျားကထွက်လာသည့်နာမည်ကဦးစက်တဲ့။
"ရွဲ……ရွဲလေးသတိရလာပြီလား"
"ဒေါ်ကြီး ဦးစက်ရောဟင်…
ရွဲဘယ်ရောက်နေတာလဲ ရွဲအိမ်ပြန်ရမယ်လေ
ဦးစက် ရွဲကိုဆူလိမ့်မယ်""ရွဲလေး ဘာမှမမှတ်မိတော့ဘူးလား"
"မှတ်မိပြီ ရွဲစျေးထဲမှာကားတိုက်ခံလိုက်ရတယ်
ဦးစက်သိရင်ရွဲကိုရိုက်တော့မယ်ဒေါ်ကြီး ရွဲကိုအိမ်ပြန်ပို့ပေးပါနော်""ခဏနေပြန်ကြမယ်နော်ရွဲ
ဒေါ်ကြီးတို့ကအခုဆေးရုံမှာရှိသေးတာ ဒေါ်ကြီးဆရာဝန်ကိုပြန်လို့ရပြီလားသွားမေးလိုက်မယ်နော်""ဟုတ်မြန်မြန်ပြန်ရအောင်နော်ဒေါ်ကြီး
အိမ်မှာဦးစက်အရင်ရောက်ရင်ဒုက္ခ""အေးပါ ရွဲခဏစောင့်အုံးနော်"
"ဟုတ်"ဒေါ်ကြီးကရွဲကိုထားခဲ့ပြီးအပြင်ထွက်သွားသည်။
ရွဲစိတ်ထဲမှာတော့ဦးစက်ဆူမှာကိုသာကြောက်နေသည်။
မနေ့တနေ့အဖြစ်အပျက်များကိုရွဲဘာမှမမှတ်မိတော့။
သို့ပေမဲ့ရွဲစိတ်ထဲမှာအိပ်မက်လိုတော့ထင်နေမိသည်။
ရွဲနဲ့ဦးစက်ဝေးကွားသွားသလို။
ရွဲတစ်ယောက်ထဲအထီးကျန်နေသလိုခံစားနေရသည်။ဒေါ်ကြီးနဲ့ရွဲကို အိမ်ကကားလာခေါ်သည်။
ရွဲအိမ်ရောက်တာနဲ့အပေါ်ထပ်ကဦးစက်အခန်းကိုပြေးလာခဲ့သည်။
ဦးစက်အခန်းတံခါးကိုပြေးဖွင့်ရင်း..."ဦးစက်……ဟင်…ဦးစက်အိမ်မှာမရှိဘူးပဲ"
"ရွဲလေး လာဟိုဘက်ကရွဲအခန်းကိုသွားရအောင်"
"ဒေါ်ကြီး ဦးစက်အိမ်ပြန်မလာဘူးထင်တယ်
ရန်ကုန်သွားတာလားမသိဘူးနော်"ဒေါ်ကြီးရွဲကိုအရင်ကသူမနေတဲ့အခန်းစီခေါ်ခဲ့သည်။
"ရွဲ နေကောင်းသွားပြီလား"
"ရွဲနေကောင်းပါတယ်ဒေါ်ကြီးရဲ့ ရွဲကဘာဖြစ်နေလို့လဲ"
"သခင်လေးကိုရောမှတ်မိလား"