*သခင့်ရဲ့ကျေးကျွန်*
ရွဲကတော့ ဦးစက်ရင်ခွင်အောက်မှာရောက်နေတာတောင် မကြောက်မရွံ့ပြန်ကြည့်နေမိသည်။
ချစ်တယ်။
ဦးစက်ရဲ့မျက်လုံး မျက်ခုံး။
နှာတံ နှုတ်ခမ်း။
အမွှေးအမျှင်တချိူ့ရှိနေသည့် မေးရိုး။
အရာအားလုံးကိုချစ်တာ။ဖိခံထားရသည့် လက်လေးကိုမရမကဆွဲထုတ်ကာ ဦးစက်လည်ပင်းကို သိုင်းဖက်လိုက်ပြီး
မျက်နှာကို အနည်းငယ် ငုံ့စေလိုက်သည်။အနီးဆုံးရှိလာသည့် နှုတ်ခမ်းတစ်စုံအား ရွဲဘက်ကစတင်ကာ မြတ်နိုးစွာနမ်းရှိုက်လိုက်သည်။
"ရွဲ"
"ရှန်"
"သွားအိပ်တော့လေ"
အနမ်းတချို့ကို ရပ်တန့်ကာ အိပ်စေအမိန့်ချသူဦးစက်။
ခုတင်ပေါ်ကနေဆင်းကာ ထိုင်ခုံမှာသွားထိုင်သည်။ ရွဲကသာ အူတူတူလေးရှိနေဆဲ။"ဦးစက် good night"
ရွဲထွက်သွားမှ စက်လဲ သက်ပြင်းချနိုင်သည်။
ရွဲရှက်သွားမယ်ဆိုတာသိသည်။
ဒီကောင်မလေး ဘဝတစ်ခုလုံး ပေးချင်သည်အထိ ချစ်တာကို သိသည်။
စက်ကမရယူရက်တာပါ။
တန်ဖိုးထားရလွန်းတာကြောင့်ဖြစ်သည်။
တရားဝင်မပိုင်ဆိုင်ရသေးဘဲ ချစ်ရသူလေးကို မငြိုးနွမ်းစေလိုပါ။စက်လဲယောကျာ်းတစ်ယောက်ပဲ။
ရမ္မက်ဆန်စွာရယူပစ်ချင်ခဲ့သည်။
ရွဲနဲ့အတူရှိတိုင်း ဖြစ်ပေါ်လာသည့်စိတ်ရိုင်းတွေကို မရမက ချိုးနှိမ်နေရသည်။ခန္ဓာကိုယ်ရဲ့အလိုဆန္ဒထက် နှလုံးသားအလိုဆန္ဒကိုပဲ စက်ဦးစားပေးရမည်။
တကယ်ချစ်တဲ့အခါ အသွေးအသားဆာလောင်မှုကို နှလုံးသားဆာလောင်မှုက သူ့အလိုလိုအနိုင်ယူသွားတာပဲလေ။သိပ်ချစ်တာမို့ တန်ဖိုးမဖြတ်ချင်ဘူးရွဲရယ်။
သိပ်ချစ်တာမို့ ရမ္မက်ခိုးတွေနဲ့ မသိမ်းပိုက်ချင်ဘူး။
အမှားတွေအများကြီးရှိခဲ့တာမို့ ပေးဆပ်ပြီးတဲ့အချိန်ကျမှ ဘဝတစ်ခုလုံးကို ကာကွယ်ပေးပါရစေ။
~
~
"ဝှါး ……… ""ဟင် 8နာရီတောင်ရှိနေပြီလား"
"မနက်စာမေ့နေတာပဲ
ဦးစက်တော့ ဗိုက်ဆာနေတော့မယ်"