*သခင့်ရဲ့ကျေးကျွန်*Part(23)
စက်ကားခြံထဲဝင်သည်နှင့်စောနောင်နဲ့မင်းနောင်အပြေးလာကြကာတံခါးဖွင့်ပေးသည်။
ကားထဲကဆင်းလာသူကရွဲကဗျာမဟုတ်တော့သူတို့ညီကိုတစ်ယောက်မျက်နှာတစ်ယောက်လှမ်းကြည့်ကြသည်။"သခင်လေး မမရွဲရော"
"ဟိုတယ်မှာ မင်းတို့သူ့အတွက်စားစရာတစ်ခုခုစီစဉ်ပေးလို့ရလား"
"ဟုတ် မနက်ကမမရွဲထမင်းဟင်းချက်ထားတာရှိတယ်အဲ့ဒါနွေးပေးရမလား"
"အင်းအဆင်ပြေသလိုလုပ်လိုက်"
"ဟုတ်ကဲ့သခင်လေး"
"လာသိမ့်ကိုယ်မင်းအတွက်အခန်းလိုက်ပြပေးမယ်"
အပေါ်ထပ်မှာအရင်ကရွဲကဗျာနေသည့်အခန်းကလွတ်ပေမဲ့
သိမ့်ကိုတခြားအခန်းစီသာလိုက်ပြလိုက်သည်။"စက် ဒီအခန်းကဘယ်သူနေတာလဲ"
အရင်ကရွဲကဗျာနေတဲ့အခန်းကိုသိမ့်ကမေးသည်။
"ဘယ်သူမှမနေပါဘူး"
"ဒါဆိုသိမ့်ဒီအခန်းမှာနေမယ်လေ"
"မရဘူး"
"ဘာဖြစ်လို့လဲစက်"
" မရဘူးဆိုတာကဒီလိုလေ ဒီအခန်းကမရှင်းရသေးဘူး
အဲ့ဒါကြောင့်""အော်"
"သိမ့်အဝတ်စားလဲလိုက်အုံးပြီးမှအောက်ဆင်းကြမယ်"
"အင်း"
သိမ့်အခန်းထဲဝင်သွားသည်။
စက်သူမအခန်းတံခါးကိုဖွင့်ကြည့်မိသည်။
သူမအခန်းမို့သိမ့်ကိုပေးမသုံးချင်။ သူမပစ္စည်းတချို့လဲဒီအခန်းမှာဘဲရှိနေသေးသည်။
အခန်းတံခါးပြန်ပိတ်ပြီးကိုယ့်အခန်းကိုလာကာအဝတ်စားလဲလိုက်သည်။
ပြီးမှသိမ့်နဲ့အတူအောက်ဆင်းလာခဲ့သည်။"သိမ့်ဗိုက်မဆာပါဘူး သူတို့တွေပြင်ပေးရတာအားနာစရာ"
"ကိစ္စမရှိပါဘူးသိမ့်ရယ်
စောနောင်မင်းတို့သွားလို့ရပြီ""ဟုတ်ကဲ့သခင်လေး"
စောနောင်တို့အိမ်အပြင်ထွက်သွားကြသည်။
"သိမ့် ကိုယ်မေးစရာရှိတယ်"
"သိမ့်လဲစက်ကိုမေးစရာတွေအများကြီးရှိတယ်
စက်အရင်မေးပါ"