*သခင့်ရဲ့ကျေးကျွန်*Part(3)
"ဦးစက် ရွဲကိုစိတ်ပူသွားလား"
"မပူဘူး"
မုန်းမုန်းရှိတာမို့ပြောပစ်လိုက်သည်။
သူမလေးကတော့ကြားနိုင်မည်မထင်။"စိတ်မပူပါနဲ့ရွဲဘာမှမဖြစ်ဘူး
ဦးစက်ကြည့်နေမှန်းသာသိရင်လေ ရွဲ နမော်နမဲ့မလုပ်ပါဘူး
နောက်မဖြစ်စေရတော့ဘူး တာ့တာ"သူမထိုင်ခုံပေါ်ကနေခုန်ဆင်းသည်။
ခြေထောက်အပူလောင်တဲ့သူကခုန်ဆင်းလိုက်သည်မှာခုနကအော်ပြီး
ပူတယ် ပူတယ်လုပ်နေသည့်သူမဟုတ်တဲ့အတိုင်း။စက် ကွန်ပျုတာကိုပိတ်ထားလိုက်သည်။
မဟုတ်ရင်အလုပ်ဖြောင့်ဖြောင့်လုပ်ရမည်မဟုတ်။
ဒီကောင်မလေးကိုလိုက်ကြည့်နေလျှင် တစ်နေသာကုန်သွားမယ်
ပြောလို့ဆိုလို့ပြီးမှာမဟုတ်။"တီ. . .တီ. . ."
"အင်းပြော"
"ဟုတ်ကဲ့ သူဌေးနဲ့ဖုန်းပြောချင်တဲ့သူရှိပါတယ်
သူဌေးဖုန်းကိုင်ပေးပါအုံးရှင့်""အင်း"
စက် ဖုန်းကိုလွှဲပြီးနားထောင်လိုက်သည်။
"ဟဲလို The King ဟိုတယ်က
စက်ရှိန်သာ ပြောနေပါတယ်""ဟုတ်ကဲ့ မင်္ဂလာပါဗျ ကျနော်က ရုပ်ရှင်ဒါရိုက်တာပါ"
"အော် ဘာကိစ္စလဲမသိဘူးဗျ"
"ဒီလိုပါ ကျနော်အရင်တစ်ခေါက် ကလောကိုရောက်တော့
The King ဟိုတယ်မှာတည်းခဲ့ပါတယ်
အဲ့ဒါဟိုတယ်ကိုသေချာလေ့လာကြည့်တော့
ရုပ်ရှင်ရိုက်လို့အဆင်ပြေတဲ့အနေအထားရှိပါတယ်
အဲ့ဒါကြောင့်ကျနော်ဒီတခေါက်ကလောမှာရိုက်မဲ့ကားမှာ
သူဌေးရဲ့ဟိုတယ်မှာရုပ်ရှင်ရိုက်ချင်လို့ ကျနော်တို့ကိုခွင့်ပြုပေးလို့ရမလားဗျ""ဟုတ်ပြီလေ ကျနော်စဉ်းစားကြည့်ပေးပါ့မယ်
အချိန်ကဘယ်လောက်လောက်ကြာမလဲ""အချိန်က 2လ 3လလောက်တော့ယူရမယ်ထင်တယ်ဗျ
စိတ်ချပါ သူဌေးရဲ့ဟိုတယ်ကိုမနစ်နာစေရပါဘူး
ကျနော်တို့ကြောင့်နာမည်လဲမပျက်စေရပါဘူး
ကျနော်အာမခံပါတယ်"