*သခင့်ရဲ့ကျေးကျွန်*Part(20)
"ဦးစက်ပြန်လာပြီ"
ရွဲအိမ်ထဲကနေပြေးထွက်လာပြီးကာပေါ်ကဆင်းလာသည့်ဦးစက်ရင်ခွင်ထဲတိုးဝင်ကာသိုင်းဖက်လိုက်သည်။
နွေးလိုက်တာ ဒီရင်ခွင်ကြီးကိုရွဲလွမ်းနေရသည်က လေးရက်တိတိ။"ဘာလုပ်တာလဲရွဲကဗျာ"
"အဟီးးဦးစက်ပြန်လာတော့ဝမ်းသာသွားလို့ပါ"
"ငါလဲမင်းကိုလွမ်းတယ်" လို့တော့စက်မပြောချင်။
ပြောဖို့ဦးနှောက်ကအမိန့်မပေးခဲ့။"မင်းပိန်သွားတယ် နေမကောင်လို့လား"
"နေကောင်းပါတယ် ရွဲထမင်းမစားဖြစ်လို့ပါ"
"ဘာလို့မစားတာလဲငါမရှိဘူးဆိုပြီးထမင်းဟင်းချက်မစားကြတာလား"
"မဟုတ်ပါဘူး ထမင်းဟင်းလဲကောင်းကောင်းချက်ပါတယ်
ဦးစက်မရှိလို့ရွဲထမင်းစားချင်စိတ်မရှိဘူး ရွဲငိုချင်တာပဲသိတယ်
အခုဦးစက်ပြန်လာရွဲအရမ်းပျော်တယ်"ပွင့်လင်းလွန်းနေသည့်ကောင်မလေး။
စက်ကိုလွမ်းလို့ထမင်းမစားချင်ဘူးဆိုပဲ။
တကယ်ပဲလွမ်းလို့ငိုနေသေးတာလားကလေးရယ်။
မင်းဘက်ကအချစ်တွေကိုထုတ်ပြနေပေမဲ့ငါ့ဘက်ကမတုန့်ပြန်နိုင်တာကိုတော့စိတ်မကောင်းဘူး။
ငါ့အချစ်နဲ့မင်းကဘယ်လိုမှမဖြစ်နိုင်ပါဘူးကွာ။
မင်းငါ့လိုလူမျိုးကိုမချစ်ချင်စမ်းနဲ့။စက်လက်မောင်းကိုချိတ်ထားတဲ့သူမလက်ကိုဖြုတ်ချပြီးစက်အိမ်ထဲဝင်လာခဲ့သည်.
ရွဲအနောက်ကနေပြေးလိုက်လာခဲ့သည်။
ဦးစက်ကအခန်းထဲဝင်သွားလေသည်မို့
မမှီလိုက်။ ရွဲအရဲစွန့်ပြီးအခန်းရှေ့အထိရောက်လာခဲ့သည်။
တံခါးခေါက်ရမလားဝေခွဲမရ။ အပြစ်ပေးခံရမှာလဲကြောက်နေမိသည်။"ရွဲကဗျာ မင်းအခန်းရှေ့မှာဘာလုပ်နေတာလဲ"
"ရှန် ဦးစက်……"
ရွဲတော့ပြေးပေါက်မှားလေပြီ။
ကိုယ့်အပြစ်နဲ့ကိုယ်ခံပေအုံးတော့။"ပြောစရာရှိရင်ဝင်ခဲ့"
"ရှန်"
ရွဲပဲနားကြားမှားလေသလား။
ဝင်ခဲ့တဲ့လေ ဦးစက်ပြောလိုက်တာမှဟုတ်ရဲ့လား။