*သခင့်ရဲ့ကျေးကျွန်*Part(10)
ရွဲ ဦးစက်မျက်နှာစီသို့လက်လေးလှမ်းမိခိုက်
ရုတ်တရက်မျက်လုံးဖွင့်လာသောဦးစက်ကြောင့်
လန့်သွားရသည်။ ဆက်ခနဲ ထကာခုတင်ပေါ်ပြေးတက်ပြီး
ပြန်အိပ်ချင်ယောင်ဆောင်လိုက်သည်။စက်ရယ်ချင်စိတ်ကိုမြိုသိပ်ထားရသည်။
ဆိုဖာပေါ်မှဆင်းကာသူမအနားလျှောက်လာခဲ့ပြီး
အိပ်ချင်ယောက်ဆောင်နေသည့်ကောင်မလေးကိုနှာခေါင်းဆွဲလိမ်ပစ်လိုက်သည်။"အ……အား……ဦးစက်နာတယ်"
"ပြောခုနကဘာလာလုပ်တာလဲ"
"ဟိုလေ ရွဲမသေဘူးလားသေလားသိချင်လို့"
"မင်းမသေပါဘူး မသေလို့ငါ့ကိုမြင်နေရတာပေါ့"
"ရွဲအိပ်မက်များမက်နေသလားလို့ပါ"
"အိပ်မက်ဟုတ်မဟုတ်သိချင်မင်းအင်္ကျီကို ပြန်ကြည့်လေ"
ရွဲ အင်္ကျီကိုပြန်ငုံ့ကြည့်လိုက်သည်။
ရွဲဝတ်ထားသည့်အဖြူ ဂါဝန်လေးမဟုတ်တော့ဘဲပန်းရောင်ဂါဝန်လေးဖြစ်နေသည်။
အနည်းငယ်တွေဝေသွားရသည်။ ရွဲပဲမမှတ်မိတာလားမသိတော့။"ဦးစက် အင်္ကျီက.."
"လဲပေးထားတာလေ"
"ရှန် ဘယ်သူလဲပေးတာလဲဟင်"
"ငါပေါ့"
"ရှန်"
"တရှန်ရှန်နဲ့ဘာဖြစ်တာလဲ"
"ဦးစက်ပဲရွဲကိုအင်္ကျီလဲပေးတာဆို"
"အေးလေ"
"အဟင့်……အဟင့်…ဟီးးဟီးးး"
"ဟာ ဟိတ်စောစောစီးစီးမငိုနဲ့လေဘာလို့ငိုရတာလဲ"
"ဦးစက်ကရွဲအင်္ကျီကိုလဲတာကို ဟီးးး
ရွဲရဲ့မမြင်သင့်တာတွေဦးစက်မြင်သွားရောပေါ့""ဟာ ငါဘာမှမမြင်ပါဘူး"
"မမြင်ဘူးဆိုရင်ဦးစက်မျက်လုံးမှိတ်ထားတာမို့လား"
"မမှိတ်ဘူး မှိတ်ရင်ဘယ်လိုလုပ်လဲပေးမလဲ"
"တွေ့လား မျက်လုံးမမှိတ်မှတော့မြင်ပြီပေါ့"
"မဟုတ်ဘူးလေ မျက်လုံးမမှိတ်ထားဘူး
ဒါပေမဲ့ငါမင်းကိုမကြည့်ပါဘူး စိတ်ချငါမင်းကိုစိတ်လဲမဝင်စားဘူး
မင်းအခုမှကလေးပဲရှိသေးတာ ပေါက်ကရတွေးပြီးအော်ငိုမနေနဲ့"