14

4.9K 49 0
                                    

*သခင့်ရဲ့ကျေးကျွန်*Part(14)

မျက်နှာမသစ်ဘဲ စက်ကိုနမ်းသေးသည်။
ပြန်တွေးပြီးဒေါသထွက်ရသည်။
ကိုယ့်ဒေါသကိုပြန်လျှော့ထားရသည်က မရမက။

ရေချိုးကန်ဘောင်ပေါ်ကိုသူမအားထိုင်ခိုင်းပြီး မျက်နှာသစ်ပေးလိုက်သည်။

"သွားမတိုက်နဲ့တော့မနက်ဖန်မှတိုက်"

"ဟုတ်"

ရွဲကလဲမတိုက်ချင်တာနဲ့ကွက်တိ။
ဦးစက်ပွေ့ခေါ်တာကိုရွဲသဘောကျသည်။
ရွဲကိုခုတင်ပေါ်ပြန်တင်ပေးကာအိပ်စေသည်။
စောင်လဲခြုံပေးထားခဲ့သည်။

"အိပ်တော့ ခြေထောက်နာရင်ပြော"

"ဟုတ် ဦးစက်ဟိုတယ်ကိုပြန်သွားမလို့လား"

"မသွားတော့ဘူး"

ရွဲအခန်းထဲကနေထွက်သွားသည်။
ရွဲတစ်ယောက်တော့လှေကားပေါ်ကကျတာခပ်ကောင်းကောင်းလို့တွေးမိသည်။

"ဒေါ်ကြီး"

"ပြောပါသခင်လေး"

"ရွဲကဗျာဘယ်လိုပြုတ်ကျတာလဲ လှေကားခြေနင်းတွေကကြီးပါတယ်"

"ရွဲပြုတ်ကျတာအိမ်ကြီးလှေကားပေါ်ကမဟုတ်ဘူးသခင်လေး
အုတ်တံတိုင်းမှာထောင်ထားတဲ့လှေကားကနေပြုတ်ကျတာ"

"သူကဘာလုပ်တာလဲအုတ်တံတိုင်းမှာ"

"ဟိုဘက်ခြံကလူတွထဲမှာသူနဲ့သိတယ်လူ ကိုကိုခေါင် ဆိုလား
အဲ့လူကိုတွေ့ချင်လို့တဲ့ သူကိုယ်တိုင်လှေကားယူထောင်ပြီးတက်တာ
ဒေါ်ကြီးတို့တားတာလဲတားမရဘူး
ဟိုဘက်ကလူနဲ့စကားပြောပြီးပြုတ်ကျသွားတာ"

"ဖြစ်ရမယ် ဒီဟာမလေး
ဟိုကောင်ကရောဘယ်လိုလုပ်အိမ်ထဲရောက်နေတာလဲ"

"အုတ်တံတိုင်းကိုကျော်ဝင်လာတာဖြစ်မယ်သခင်လေး
ရွဲကိုစိတ်ပူလို့တဲ့"

"ပူစရာသူ့အပူတပြားမှမလိုဘူး
အလကားသက်သက်ဥာဏ်လာများတာ……
ဒေါ်ကြီး "

"ပြောပါသခင်လေး"

"နောက်အဲ့ကောင်နဲ့ရွဲကဗျာ မတွေ့စေနဲ့
အဲ့ကောင်ကဘယ်နည်းနဲ့ပဲဆက်သွယ်လာပါစေ
ဒေါ်ကြီးရအောင်တားကျနော့်ကိုအားလုံးပြန်ပြောပြ"

သခင့်ရဲ့ကျေးကျွန် [Completed]Where stories live. Discover now