*သခင့်ရဲ့ကျေးကျွန်*Part(17)
စက်ကွန်ပျူတာတစ်လုံးနဲ့အလုပ်ရှုပ်နေသည်မှာ
ညနေစာစားပြီးထဲကဖြစ်သည်။
အလုပ်လက်စသတ်ပြီးနာရီကြည့်တော့နံနက်1နာရီပင်ထိုးခါနီးနေသည်။တနေကုန်ဘာမှမစားထားတဲ့ကောင်မလေး
မအိပ်ဘဲငိုများနေမလားသိချင်တာကြောင့်အောက်ကိုဆင်းလာခဲ့သည်။
အခန်းတံခါးဖွင့်ကြည့်တော့အသာလေးပွင့်သွားသည်။
ဒီကောင်မလေးအိပ်ရင်ဘယ်တော့မှတံခါးလော့မချ။
သူမအတွက်အန္တာရာယ်မရှိလို့ပဲလော့မချတာလား။
စက်ရှိလို့ပဲယုံယုံကြည်ကြည်နေတာလား။အိမ်မှာလူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ
အခန်းတံခါးတော့လော့ချသင့်သည်။
အဲ့လိုပြောပြန်ရင်လဲဒီအိမ်ရဲ့အခန်းတိုင်းကိုတံခါးမရှိဝင်ခွင့်ရှိသူကစက်အပြင်မရှိ။
ဘယ်သူမှတော့အိမ်ထဲကိုမလာပါ။
စက်ကိုယ့်စိတ်ကိုမနိုင်လို့သူမကိုတံခါးလော့အတင်းချခိုင်းသလိုဖြစ်ရအုံးမည်။
ဘာပဲဖြစ်ဖြစ်လေသူမကမိန်းကလေးပဲ ကိုယ့်လုံခြုံရေးကိုကာကွယ်ရမှာပေါ့။သူမကိုကြည့်တော့လဲညနေကအတိုင်းလေးညအိပ်ဝတ်စုံပင်လဲမထား။
ခုတင်ပေါ်မှာကန့်လန့်အနေအထားလေးအိပ်နေသည်ယ
တနေကုန်အလုပ်တွေလုပ်နေရတာနဲ့ဘာမှမစားရတာနဲ့ဆိုတော့
ပင်ပန်းနေတာဖြစ်မည်။ခေါင်းအုံးကိုယူကာသူမခေါင်းအောက်ထားပေးလိုက်သည်။
စောင်ကိုဆွဲယူပြီးသူမကိုယ်ပေါ်လွှားခြုံပေးမိသည်။"ဟင်……ဦးစက်"
အိပ်ရေးပါးတာကြောင့်လားမသိသူမနိုးသွားသည်။
စက်ကိုမြင်တော့ဆက်ခနဲ့ထထိုင်သည်။"ဦးစက် ရွဲအိပ်ယာထနောက်ကျသွားပြီလားဟင်
ရွဲတောင်းပန်ပါတယ်နော်""အစောကြီးရှိသေးတယ် အိပ်လိုက်အုံး"
"ရှန်"
"အိပ်ခိုင်းတာလေ ခုတင်ပေါ်သေချာတက်အိပ်"
"ဟုတ်"
ရွဲစောင်နဲ့ခေါင်းအုံးသေချာယူရင်းလှဲအိပ်လိုက်သည်။
မျက်လုံးများမမှိတ်ခင်အရှင်သခင်၏မျက်နှာအားအမြတ်တနိုးကြည့်မိသေးသည်။