*သခင့်ရဲ့ကျေးကျွန်*
အပျော်တွေ အလုံးအရင်းနဲ့ စက် ညကတော်တော်နဲ့မအိပ်နိုင်ခဲ့။
နိုးလာတော့ 8နာရီကျော်နေပြီဖြစ်သည်။
အမြဲတမ်း မနက်6 နာရီအိပ်ယာထတက်တဲ့လူက နောက်ကျနေခဲ့ပြီ။
ကိုယ်လက်သန့်စင်ပြီး အောက်ဆင်းလာတော့
ချစ်ရတဲ့ ရွဲဆိုသည့် သူမလေးက ဧည့်ခန်းကပန်းအိုးတွေကိုအလှဆင်နေသည်။
သူမသိပ်မြတ်နိုးသည့် နှင်းဆီနီများက ဧည့်ခန်းထဲမှာ မွှေးပျံ့နေသည်။
သူမလေးဝတ်ထားသည့် အနီရောင်ဝမ်းဆက်လေးနှင့် သိပ်ကိုလိုက်ဖက်လွန်းနေသည်။
ဆံကေသာထက်က တစ်ပွင့်သော နှင်းဆီနီသည်လည်း သူမအလှနှင့် ပနံရလှသည်။စက်ငေးကြည့်နေမိဆဲ။
အရင်အချိန်တွေက ကလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့ သူမလေးက အခုကပြန်တော့လဲ လူကြီးလေးတစ်ယောက်ကို လှလွန်းနေသည်။
ဒီကောင်မလေးကို ဘာကြောင့်များ စက်နာကျင်စေခဲ့မိပါလိမ့်။ အပြစ်မရှိတဲ့သူမလေးကို စက်အများကြီး နှိပ်စက်ခဲ့မိတာပဲ။
ထိုအကြောင်းအရာများ အတွေးထဲရောက်လာသည်နှင့် ဝဲဘက်ရင်အုံကတဆစ်ဆစ်နာကျင်လာရသည်။"ဦးစက် နိုးလာပြီလား
မောနင်း"အသံချိုချိုလေးနှင့်အတူ စက်ပါးတဖက်သည်လည်း အနမ်းပွင့်လေးတင်သွားသည်။
ဒီကောင်မလေးအကျင့်ကမပျောက်သေးဘူးပဲ။
လူကိုမပြောမဆို ရင်ခုန်အောင် လုပ်တက်နေသေးသည်။"ဦးစက် …… ဦးစက်လို့
ရွဲခေါ်တာကြားလား""အင်း ကြားတယ်"
"ကြားရင်ပြန်ပြောလေ
ဦးစက်နော် ပြောတော့ ရွဲကသခင်မလေးဆို""ဟုတ်ပါတယ် ရွဲကကိုယ့်သခင်မလေး
အဲ့ဒါကြောင့် ကြည့်မဝဘူး ကြည့်မဝလို့ တချိန်လုံးကြည့်နေချင်တာ""တကယ်လား မသိပါဘူး ရွဲက ဦးစက်မတ်တပ်ကြီးအိပ်နေတာလားလို့"
"ဘာလို့ လာမနှိုးတာလဲကိုယ့်ကို"
ရှေ့တည့်တည့်ကရပ်နေသော သူမလေးခါးကိုသိမ်းပွေ့လိုက်ကာ ရင်ဘတ်ချင်းအပ်ရင်းမေးလိုက်သည်။
"ဦးစက်ကို အေးအေးဆေးဆေးနားစေချင်လို့ပါအရမ်းပင်ပန်းခဲ့တယ်မဟုတ်လား အဲ့ဒါကြောင့်"