*သခင့်ရဲ့ကျေးကျွန်*Part(6)
ရွဲ ဒေလီယာပန်းလေးတွေထိုးထားသည့်ပန်းအိုးကိုကြည့်နေရာမှ
CCTV စီသို့ကြည့်လိုက်မိသည်။
ဦးစက်များကြည့်နေမလားဆိုတဲ့အတွေးနဲ့ပါ။
အကယ်၍များ ဦးစက်သာကြည့်နေလျှင်
ရွဲ ကိုမြင်ပြီးစိတ်တိုနေပေလိမ့်မည်။
ရွဲကြောင့် ဦးစက်ကိုစိတ်မပင်ပန်းစေလို။စက်ရဲ့မြင်ကွင်းကနေသူမပျောက်ကွယ်သွားသည်။
ကွန်ပျူတာမှန်ပြင်သို့လက်လှမ်းရင်း ရွဲကဗျာရယ် ဟုသာ ငြီးလိုက်ချင်မိသည်။
စက်အချိန်အတော်ကြာစောင့်ကြည့်နေပေမဲ့သူမမြင်ကွင်းထဲကိုထပ်ရောက်မလာခဲ့။စက်ထမင်းစားချိန်တွင်ဒေါ်ကြီးစီဖုန်းစက်ကာသူမကိုနေ့လည်စာသေချာကျွေးဖို့ပြောလိုက်သည်။
ရေချိုးရင်လဲမကြာစေဖို့အတွက်သေချာစောင့်နေပေးဖို့ကအစမှာမိသည်။
ကလေးမဟုတ်တော့တဲ့သူမကိုကလေးတစ်ယောက်လိုစိတ်မချဖြစ်မိသည်။ တခါတလေကျတော့လဲကိုယ့်စိတ်ကိုနားမလည်ချင်။
ကိုယ့်စိတ်ကြိုက်သူမကိုအပြစ်ပေးပြီးတိုင်း
စိုးရိမ်ရသည်ကအခါခါ။ သူမကိုအရေးမစိုက်ဘဲနေမည်ဆုံးဖြတ်တိုင်း
သူမကိုမမြင်ရလျှင်အိမ်အပေါ်အောက်နှံ့အောင်ရှာနေမိသည်ကလဲတခါမက။ အခုလဲ အိမ်မှာဆိုရင်စက်နဲ့မတွေ့အောင်သူမနေသည်။
စက်ကသူမကိုမြင်နိုင်သည့်နေရာကနေကြည့်မိပြန်သည်။
ကိုယ့်ကိုကိုယ်ရူးနေတယ်ဟုသာပြောပစ်လိုက်ချင်တော့သည်။"သခင်လေး"
မင်းနောင်က စက်ကိုကားတံခါးဖွင့်ပေးရင်းခေါ်သည်။
"ဘာလဲမင်းနောင်"
"သခင်လေးအပန်းဖြေစံအိမ်သွားမဲ့ရက်နီးနေပါပြီ
အဲ့ဒါပြောချင်လို့ပါ သခင်လေးမေ့နေမလားလို့""အင်း ငါမမေ့ပါဘူး ကားသာစစ်ထားလိုက်"
"ဟုတ်ကဲ့သခင်လေး"
စက် အပန်းဖြေစံအိမ်ကိုလတိုင်း25ရက်နေ့မှာသွားနေကြမို့
စောနောင်တို့မင်းနောက်တို့အပြင်အိမ်တော်ကအလုပ်သမားတိုင်းသိသည်။
ဘာကြောင့်သွားတယ်ဆိုတာကိုတော့ဘယ်သူမှမသိ။
အပန်းဖြေစံအိမ်မှာလဲအလုပ်သမားဆယ်ယောက်ခန့်ရှိသည်။
အားလုံးကယောက်ျားတွေချည်းဖြစ်သည်။
အိမ်တော်ကဘယ်သူမှအပန်းဖြေစံအိမ်ကိုခေါ်သွားလေ့မရှိ။
စက် တစ်ယောက်ထဲသာသွားသည်။