*သခင့်ရဲ့ကျေးကျွန်*Part(29)
"မလုပ်နဲ့……မလုပ်ပါနဲ့
တောင်းပန်ပါတယ်သမီးကိုလွှတ်ပေးပါ"ဦးအဂ္ဂကျော်မျက်လုံးကိုမှိတ်ထားပြီးပြောသည်။
ဒီမြင်ကွင်းကစက်အတွက်ကျေနပ်စရာပင်ါ
အတုန့်အလှည့်ရှိတယ်ဆိုတာဦးအဂ္ဂကျော်သိစေချင်သည်။
၀ဋ်ဆိုတာသူလုပ်ခဲ့တဲ့အတိုင်းပြန်လည်တယ်ဆိုတာမျက်ဝါးထင်ထင်ပြပေးလိုသည်။"ဟား……ခင်ဗျားမျက်လုံးတွေကိုဖွင့်ကြည့်စမ်းပါဦးအဂ္ဂကျော်
အလှည့်ကျမနွဲ့စတမ်းလေဗျာ……ဟား……
သိပ်ကိုနူးညံ့လွန်းတဲ့အသားအရေကိုပိုင်ဆိုင်ထားတာပဲ
ခင်ဗျားသမီးအချောအလှလေးက……"စက်သူမလည်ပင်းကိုကိုက်ပစ်လိုက်သည်။
သူမစီကတအင်းအင်းညည်းငြူသံလေးထွက်လာသည်။
သူမသတိပြန်ရလာကာသူမကိုယ်ပေါ်ကိုအုပ်မိုးထားတဲ့စက်ကိုမြင်တော့
တွန်းထုတ်သည်။"အား……မလုပ်နဲ့……ဖယ်ပေး
ရွဲပေါ်ကဖယ်ပေးပါ"အော်ဟစ်နေတဲ့သူမနှုတ်ခမ်းတွေကိုစက်ဖိကပ်နမ်းပစ်လိုက်သည်။
ထုရိုက်နေသည့်သူမလက်တွေကိုဂရုမစိုက်။
စက်ရဲ့အနမ်းတွေကိုငြင်းဆန်နေသည့်သူမနှုတ်ခမ်းကိုသာအမိအရနမ်းရှိုက်နေမိသည်……။
သူမအဖေကြောင့်သာမဟုတ်ရင်ဒီနှုတ်ခမ်းလေးတွေကိုစက်အကြမ်းဖက်မိမှာမဟုတ်ပါ။
မြတ်နိုးစွာနမ်းချင်ပေမဲ့……သူမကမနမ်းထိုက်တဲ့ပန်းတစ်ပွင့်ဖြစ်နေလေတော့ါဦးအဂ္ဂကျော် မိမိမျက်စိရှေ့တွင် ဘဝပျက်ရတော့မည့်မိန်းကလေးအား
မည်သို့ကယ်တင်ရမည်နည်း။
အမုန်းတရားများကြောင့်ကျားရဲတစ်ကောင်လိုဖြစ်နေသည့်
ဘုန်းရှိန်သာ၏သား……။
ဖြစ်သမျှကိစ္စတိုင်းနှင့်လားလားမျှမသက်ဆိုင်သည့်မိန်းကလေး။
ထိုမိန်းကလေးက မိမိ၏သွေးသားအရင်းတော့မဟုတ်ပါလေ။
သို့ပေမဲ့မိမိကိုယ်တိုင်မွေးစားခဲ့သည့်သမီးပင်ဖြစ်ချေသည်။
မိမိ၏အပြစ်များကြောင့်ထိုမိန်းကလေးဘဝပျက်စီးရတော့မည်။
အမှားကိုအမှန်ပြင်တာကောင်းသောအလုပ်တစ်ခုဆိုတာဦးအဂ္ဂကျော်နားလည်လာခဲ့သည်။
တန်ပြန်ဝဋ်ဆိုတာကိုလက်ခံပေမဲ့……ဒီမိန်းကလေးဘဝစတေးဖို့ရာတော့
မဖြစ်နိုင်။
မိမိသေချင်သေပါစေတော့။သမီးအရင်လိုစောင့်ရှောက်ခဲ့သည့်မိန်းကလေးကိုတော့ကယ်တင်ရပေလိမ့်မည်။