*သခင့်ရဲ့ကျေးကျွန်*
"ကလင် …… ကလင်……"
ရွဲမနက်စာပြင်နေတုန်း ဖုန်းမြည်လာသည်မို့
မီးဖိုချောင်ကထွက်ခဲ့သည်။
မနေ့ညက သရဲကားကြည့်တာနောက်ကျသွားတော့ အိပ်ယာထနောက်ကျခဲ့သည်။
အဲ့ဒါမို့ ကမန်းကတမ်း မနက်စာပြင်နေရခြင်း။"ဟဲလို"
"………"
"တကယ်လား"
"………"
"ယေး……ရွဲအတွက် လက်ဆောင်ဝယ်ခဲ့နော်"
ဖုန်းခွက်လေးပြန်ချ ပြီးရွဲကလေးတစ်ယောက်လိုခုန်ပေါက်နေမိသည်။
"ရွဲလေး ဘာတွေအဲ့လောက်ပျော်နေတာလဲ
ဘယ်ကဖုန်းမို့လို့လဲ""ကိုကိုခေါင်ဆက်တာ"
"ဟင်"
စက်လည်ပင်းထဲနင်သွားရသည်။
ခေါင်ဆက်တာနဲ့ ရွဲကအဲ့လောက်တောင်ပျော်နေတာလား။ ဘာတွေပြောလို့ပါလိမ့်။"ခေါင်က ဘာကိစ္စဆက်တာလဲ"
"ကလောကိုလာမလို့တဲ့
မမသိမ့်ရောပါမယ်တဲ့""ကလောကို ဘာလာလုပ်ကြမှာလဲ"
"ဘာလာလုပ်ရမှာလဲ ဦးစက်ရယ်
သူတို့အိမ်ရှိလို့လာတာလေ
အရင်နှစ်တွေကလဲ ဒီအချိန်လာနေကျပဲ
ကိုကိုခေါင်လာရင် ရွဲနဲ့လျှောက်လည်ကြတာ ပျော်စရာကြီး ဒီနှစ်လဲ လည်ရအုံးမယ်""နှစ်ယောက်ထဲလား"
"အင်းပေါ့ ဦးစက်ရဲ့
အာ……မေ့နေတာ မနက်စာပြင်နေတုန်း"ရွဲကတစ်ယောက်ထဲပြာယာခတ်စွာမီးဖိုချောင်ထဲပြန်ဝင်သွားသည်။
"ဂလု"
စက်မှာတော့ ဂျယ်လီတွေအတုံးလိုက်အတစ်လိုက်နင်ကျန်ခဲ့ရသည်။
စက်မရှိတဲ့ အချိန်တွေမှာ နှစ်ယောက်ထဲလျှောက်လည်ကြသည်တဲ့လား။
မရတော့ဘူး အရမ်းသဝန်တိုနေပြီ။
အသက်ကြီးမှ သဝန်တိုရတာ အူကြောင်ကြောင်တော့နိုင်လှသည်။
ဒါကလဲ ရွဲလေးကို အရမ်းချစ်လို့လေ။
ရွဲလေးကို စက်လို ခေါင်ကချစ်ပေးဖို့ဆိုတာ လွယ်ကူမနေဘူး။
ကမ္ဘာပေါ်မှာ ရွဲကိုအချစ်နိုင်ဆုံးလူက စက်ရှိန်သာတစ်ယောက်ပဲရှိရမည်။