15

4.5K 39 0
                                    

*သခင့်ရဲ့ကျေးကျွန်*Part(15)

သူမနာကျင်ခံစားရတာ စက်မေမေလောက်မခံစားရသေးပါဘူး။
ကိုယ့်ယောကျာ်းရှေ့မှာသူစိမ်းယောကျာ်းရဲ့စော်ကားတာခံရတဲ့မေမေလောက်ဘယ်သူများခံစားရမလဲ။
မေမေခံစားခဲ့ရတဲ့ခံစားမှုမျိုးအဲ့ဒီလူရဲ့သမီးဖြစ်တဲ့
သူမကိုစက်ပေးပစ်လိုက်ချင်သည်။
ပေးဖို့လဲ ဆုံးဖြတ်ထားပြီးသား။

ဖေဖေ့ကိုစက်လေးစားပါသည်။
အခုအချိန်ထိမေမေ့အပေါ်ခင်ပွန်းကောင်းအဖြစ်ရှိနေဆဲ။
ဖြစ်ခဲ့သမျှအကြောင်းအရာတိုင်းမှာမေမေမှားခဲ့တာတစ်ခုမှမပါသလို
ဖေဖေလဲမမှားခဲ့ပါဘူး။ ယုံကြည်မှုလွန်ကဲသွားတာပါ။
လူယုံသတ်လို့သေခဲ့ရတာ။

စက်မုန်းတဲ့လူရဲ့သမီးကို မုန်းတီးစွာနဲ့ပြုစုပျိုးထောင်လာခဲ့ရသည်။
သူမအရွယ်ရောက်လာလေလေစက်ရင်ထဲကအမုန်းအစိုင်အခဲတွေကြီးထွားလာလေဖြစ်သည်။

"အဟင့်……အဟင့်"

တအင့်အင့်ရှိုက်ငိုနေသည့်သူမ။
ငိုပါစေ ။ သူမဒီထက်မကမျက်ရည်တွေကျရအုံးမှာ။

"ရွဲကဗျာ မင်းငိုတာမင်းအဖေအတွက်လား"

"ဦးစက် ၊ ရွဲကိုသတ်လိုက်ပါ
ရွဲကိုသတ်လိုက်ပါ ဦးစက်မုန်းနေရတာပင်ပန်းပါတယ်
ရွဲကိုသတ်ပြီးဦးစက်အမုန်းတွေကျေလိုက်ပါ
ဦးစက်နာကျင်ခံစားနေရတာရွဲမကြည့်ရက်ဘူး
ဦးစက်ပြောတဲ့အကြောင်းတွေရွဲမသိခဲ့ပေမဲ့
အားလုံးကိုရွဲတောင်းပန်ပါတယ်"

"ဘုန်းကြီးခေါင်းခေါက်ပြီးမှဘွာတေးလုပ်လို့ရကြေးဆိုရင်
ငါခဏခဏခေါက်ပြီးခဏခဏဘွာတေးလုပ်လိုက်ပြီးပြီရွဲကဗျာ
မင်းတောင်းပန်လို့လဲငါ့ရင်ထဲကအစိုင်အခဲတွေပြေသွားလိမ့်မယ်မထင်နဲ့
မင်းကိုသတ်လိုက်လို့လဲ ငါ့အမုန်းတွေရပ်သွားမှာမဟုတ်ဘူး
မင်းအဖေအသက်ရှင်နေသေးတယ်ဆိုတာမင်းသိထား
ငါ့အဖေရဲ့ဒုက္ခတွေကိုမင်းအဖေလဲခံစားရအုံးမှာ
ငါ့အမေရဲ့ဒုက္ခတွေကိုလဲမင်းခံစားရအုံးမှာနားလည်လား"

"ဦးစက်ရယ်……"

အမုန်းပင်စိုက်နေတဲ့သူကိုရွဲမတားလိုာ
အညှိုးတွေကြီးထွားလိုက်တာလို့လဲရွဲမစွပ်စွဲချင်။
ဦးစက်ကမှန်နေသည်ပဲ။ ဦးစက်မုန်းသင့်ပါတယ်လေ။
အညှိုးထားသင့်ပါတယ်။ ဦးစက်လိုသာရွဲခံစားခဲ့ရရင်လဲ
အခုလိုလုပ်ရပ်တွေလုပ်မိလိမ့်မည်။

သခင့်ရဲ့ကျေးကျွန် [Completed]Where stories live. Discover now