11

4.8K 42 0
                                    

*သခင့်ရဲ့ကျေးကျွန်*Part(11)

ငိုအားထက်ရယ်အားသန်နေရသည့်ရွဲအဖြစ်။
ငိုချင်နေပေမဲ့ကိုယ့်ကိုကိုယ်ပြန်မြင်တော့ရယ်ရမလို။
ဒီလိုမှန်းသာသိရင်ခွေးစာသာအကျွေးခံလိုက်ပါတယ်။
ဦးစက်သာရွဲကိုမြင်ရင်ဘယ်လောက်များကျေနပ်နေမလဲ။
ဒီမနက်ဘာအပြစ်မှမလုပ်ထားသေးဘဲနဲ့မြင်းချေးကျုံးဖို့ခိုင်းသည်။

မြင်းကဟိုဘက်ရွေ့လိုက် ရွဲကဒီဘက်ပြေးကျုံးလိုက်နှင့်
တပတ်လည်နေသည်။ မြင်းဇောင်းတွင်မြင်းတွေနဲ့ရွဲပြေးတမ်းလိုက်တမ်းကစားနေသလားမှတ်ရသည်အထိ။
ရှေ့ကကျုံးနောက်ကထပ်ပါနဲ့သံသရာကလည်ပြန်သည်။
ရွဲခါးကိုဟန်ပါပါထောက်ရင်းမြင်းတွေရှေ့ကိုသွားရပ်လိုက်သည်။

"ကဲ……ရွှေကိုယ်တော်တို့ရေ နင်တို့ကြောင့်ငါတော်တော်ပင်ပန်းနေပြီ
အစားလှိမ့်စားပြီးချေးလှိမ့်ပါမနေကြနဲ့ဟ
ငါဆိုအခုထိဘာမှမစားရသေးဘူး ဗိုက်လဲဆာနေပြီ အရှင်သခင်ကလဲကိုယ်ချင်းမစာငါ့ကိုခိုင်းရက်တယ်
အဲ့ဒီတော့ နင်တို့ချေးပါချင်လဲအောင့်ထားအုံးနော်"

"ငါပြောတာကြားလား ကြားရင်လဲဖြေကြအုံးကြည့်ပဲကြည့်မနေနဲ့"

"ငါ့ကချစ်စရာလေးမို့နင်တို့ကြည့်နေတာမဟုတ်လား
အေးလေ ငါကချစ်စရာကောင်းပါတယ် နင်တို့ကမှငါချစ်စရာကောင်းတာကိုသိသေးတယ်
ဟိုလူ့ဂွစာကြီးကတော့ငါ့ကိုသူ့မျက်လုံးထဲမြင်မထင်ပါဘူး
ငါ့ကိုမချစ်ဘူးတဲ့လေ ငါ့မှာတော့သူ့ကိုချစ်နေရတာ
သူနှိပ်စက်တိုင်း သူအပြစ်ပေးတိုင်းငါကတော့
အပြစ်မမြင်ဘဲချစ်နေရတာ သူကတော့ငါ့အပေါ်ဆိုရက်စက်လွန်းတယ်"

မျက်ဝန်းအိမ်ကစီးကျလာသောမျက်ရည်လေးကိုလက်နဲ့ဖိသုတ်ပစ်လိုက်သည်။
လက်ကမြင်းချေးတွေပါးစီကပ်ကုန်ပြန်သည်။
ရွဲသိပေမဲ့မသုတ်မိ။ကျန်နေတဲ့မြင်းချေးပုံတွေကိုသာလိုက်ကျုံးလိုက်သည်။

"ဦးနောင် ရွဲအကုန်ကျုံးပြီးပြီ"

"အေးအေး ကလေးမ ခြေလက်တွေဆေးသွားအုန်းလေ"

"မဆေးတော့ဘူး ဦးနောင်
ရွဲသွားပြီ"

ရွဲပြောပြောဆိုဆိုအပန်းဖြေစံအိမ်စီပြန်တက်လာခဲ့သည်။
တစ်ကိုယ်လုံးပေပွနေတာကိုတမင်မဆေးဘဲနေတာဖြစ်သည်။

သခင့်ရဲ့ကျေးကျွန် [Completed]Where stories live. Discover now