*သခင့်ရဲ့ကျေးကျွန်*Part(26)
ဆေးရုံကိုဒေါ်ကြီးနဲ့စောနောင်သွားကြသည်။
သူတို့သွားမှစက်လဲဟိုတယ်ကိုလာခဲ့သည်။
အလုပ်တွေအကုန်မန်နေဂျာကိုလွှဲခဲ့ပြီးအပန်းဖြေစံအိမ်သို့ဦးတည်ခဲ့သည်။"သခင်လေး"
စက်အပန်းဖြေစံအိမ်ရောက်သည်နှင့်
အလုပ်သမားတွေအကုန်စက်ရှေ့မှာဒူးထောက်ကုန်ကြသည်။"သခင်လေးကျနော်တို့မှာအပြစ်ရှိပါတယ်
ကျနော်တို့ပေါ့ဆမှုကြောင့်အဲ့ဒီလူလွတ်သွားတာပါ
ကျနော်တို့ကိုအပြစ်ပေးပါ သခင်လေးပေးတဲ့အပြစ်ကိုကျနော်တို့ခံယူဖို့အသင့်ပါ""မင်းတို့ကိုအပြစ်ပေးလို့အဲ့ဒီလူပြန်ရောက်လာမယ်ဆိုရင်ငါအပြစ်ပေးမှာ ထားလိုက်တော့မင်းတို့တာဝန်ကျေပါတယ်
အဲ့ဒီလူယုတ်မာကိုလာခေါ်သွားတဲ့လူမှာသာအပြစ်ရှိတာ
အဲ့ဒီနေ့ကစံအိမ်မှာထူးခြားတာဘာဖြစ်သေးလဲ
ငါ့ကိုအားလုံးပြန်ပြော""ဟုတ်ကဲ့သခင်လေး ပျောက်သွားတာညဘက်ဖြစ်လိမ့်မယ်ဗျ
အဲ့နေ့ညကခွေးကြီးနှစ်ကောင်ကိုအပြင်လွှတ်ပေမဲ့အိမ်ရှေ့ကျောင်တိုင်နားမှာနှစ်ကောင်လုံးအိပ်နေတယ်အရင်နေ့တွေကလိုကင်းလဲမလှည့်ဘူး
ပြီးတော့ဦးနောင်ရဲ့မြင်းဇောင်းဘက်ကနေအော်သံကြားလို့
ကျနော်တို့အားလုံးမြင်းဇောင်းကိုသွားကြပါတယ်
အိမ်ထဲမှာဒေါ်ကြီးတစ်ယောက်ပဲကျန်ခဲ့တာပါ""မြင်းဇောင်းမှာဘာဖြစ်တာလဲ"
"မြင်းတစ်ကောင်ကကြိုးတွေပျက်ပြီးအကုန်လိုက်ဖျက်စီးပစ်တယ်သခင်လေး ဦးနောင်ကတော့အဲ့မြင်းကမရိုင်းဘူးတဲ့
အဲ့ဒီနေ့ကမှရိုင်းသွားတာလို့ပြောပါတယ်သခင်လေး""နောက်ရော"
"ကျနော်တို့အဲ့မြင်းကိုဝိုင်းဖမ်းပြီစံအိမ်စီပြန်လာခဲ့ပါတယ်
တာဝန်ကျကင်းစောင့်ကြပါတယ် ကျနော့်အထင်ဆိုရင်ကျနော်တို့မြင်းဇောင်းရောက်နေတဲ့အချိန်
ဖမ်းထားတဲ့လူကိုထုတ်သွားတာဖြစ်မယ်ဗျ
ကျနော်တို့လဲပြန်ရောက်ပြီးအရင်တိုင်းပဲနေလိုက်ကြတယ်
မနက်ပိုင်းထမင်းဝင်ပေးမှအဲ့လူမရှိမှန်းသိလိုက်ရတာပါ
ကျနော်တို့အားလုံးလူခွဲရှာကြသေးတယ်မတွေ့မှသခင်လေးကိုအကြောင်းကြားတာပါ သခင်လေးထပ်ရှာခိုင်းလို့နောက်တစ်ခေါက်လဲထပ်ရှာပါသေးတယ်
လုံးဝမတွေ့ပါဘူး"