*သခင့်ရဲ့ကျေးကျွန်*Part(12)
ခြေထောက်တွေလက်တွေမှအေးစက်စက်အထိအတွေ့ကြောင့်
ရွဲမျက်လုံးဖွင့်ကြည့်လိုက်သည်။ရွဲကိုလျှာနဲ့ယက်နေကြသည့်ခွေးကြီးနှစ်ကောင်။
ရွဲအသဲတအေးအေးနဲ့ကြည့်နေမိသည်။အကိုက်မခံရလို့တော်သေးသည်။
သို့ပေမဲ့ခွေးယက်ခံရတာတော်တော်ဆိုးသည်။
ချမ်းတာဘယ်ရောက်မှန်းမသိကျက်သီးတွေထနေသည်။စက် သူမအသံကြောင့်ဝရံတာထွက်လာခဲ့တာဖြစ်သည်။
ခွေးနှစ်ကောင်ကသူမကိုမကိုက်ဘဲတရင်းတနီးကပ်နေတော့အံ့သြရသည်။
ဒီခွေးတွေက စက်ကလွဲပြီးကျန်တဲ့သူတွေဆိုမာန်ဖီသည်။
ခြံစောင့်တွေတောင်မှတခါတလေကိုက်ချင်သေးသည်။
ဒီကောင်မလေးကျမှဘယ်လိုဖြစ်တယ်မသိ။
သူမကတော့ခွေးတွေကြောင့်ရှုံ့မဲ့နေသည်။
ရယ်ချင်မိသား။ ခွေးကြောက်တဲ့သူကခွေးနှစ်ကောင်ရဲ့ချစ်တာခံနေရသည်။နှင်းပွင့်တွေကျလာတာကြောင့်စက်ဝရံတာအနားကခွာခဲ့သည်။
သူမချမ်းတုန်နေမည်ဆိုတာသိပေမဲ့လှည့်မကြည့်ခဲ့။
အိပ်ယာဝင်ခဲ့ပေမဲ့အိပ်လို့တော့မပျော်။
တဖြေးဖြေးညည့်နက်လာသည်မို့ စက်အပေါ်ဝတ်ထပ်ဝတ်ကာ
ခြံထဲဆင်းခဲ့သည်။
ခွေးနှစ်ကောင်ကခြံထဲတွင်ဟိုပြေးဒီပြေးရှိနေကြသည်။
သူမကတော့ချမ်းတုန်ကာမက်တပ်လေးအိပ်နေသည်။
ကြိုးတွေကိုဖြေလိုက်တော့သူမဘေးသို့စောင်းကျသွားသည်။
အမိအရလှမ်းဖမ်းရင်းပွေ့လိုက်ရသည်။ အိပ်ပျော်နေတာလားအချမ်းလွန်သတိလစ်တာလားမသိ။သူမအခန်းထဲပို့ပေးပြီးစောင်ထူထူခြုံပေးလိုက်သည်။
အင်္ကျီကစိုနေပေမဲ့အင်္ကျီလဲပေးတာမကြိုက်တဲ့သူမကြောင့်
လဲမပေးဘဲထားလိုက်သည်။"ချမ်းတယ်……ဦးစက်"
"ဟင်..ဘာပြောတာလဲ"
"ချမ်းတယ်"
စက် အနားမှာရှိတာသိလို့ပြောတာလားယောင်ပြီးပြောတာလားမသိ။
မျက်လုံးကတော့မဖွင့်။
ဘေးမှာထိုင်နေသည့်စက်ကိုဆွဲချကာသူမကရင်ခွင်ထဲတိုးဝင်လာသည်။
ခက်လိုက်တာရွဲကဗျာရယ်။
မင်းဘာလို့ငါ့ရင်ခွင်ထဲဝင်နေရတာလဲ။
မင်းငါ့ကိုမကြောက်ဘူးလားကွာ။