*သခင့်ရဲ့ကျေးကျွန်*Part(22)
"အို…ဘုရားရေ"
မြန်မာဆန်ဆန်အဝတ်စားနှင့်အမျိုးသမီးတစ်ယောက်ကိုဝင်တိုက်မိသွာသည်။
"ရွဲတောင်းပန်ပါတယ်ရှင့် ရွဲအရေးကြီးနေလို့မမြင်မိဘူးဖြစ်သွားတာပါ
တောင်းပန်ပါတယ်နော်""ရပါတယ် တို့လဲမမြင်မိဘူး"
"ဟုတ် ရွဲကိုခွင့်ပြုပါအုံးရှင့်"
"သွားပါညီမ"
ရွဲတိုက်မိသည့်အမျိုးသမီးကိုခေါင်းငုံပြရင်းထွက်ခဲ့သည်။
ရွဲထိုအမျိုးသမီးကိုငေးကြည့်ဖြစ်ခဲ့သည်။
မြန်မာဝတ်စုံလေးနှင့်အရမ်းလှသည်။လှတာထက်ကျက်သရေရှိလွန်းသည်။ ခဏမြင်လိုက်ရတာဖြစ်ပေမဲ့ထိုမမလှလှက
ရင်ကိုအေးမြသွားစေသည်။ကောင်မလေးကသူ့ကိုယ်သူ ရွဲ လို့သုံးသွားသည်။
သူမနာမည်ဖြစ်လိမ့်မည်။
ရွဲ တဲ့လှလိုက်တဲ့နာမည်လေး။
လူနဲ့နာမည်လေးနဲ့လိုက်ဖက်လွန်းသည်။
ရွဲ ဆိုတဲ့နာမည်လေးအတိုင်းကောင်မလေးကတော်တော်လှသည်။
အရုပ်မလေးလိုမျက်လုံးဝိုင်းလေးတွေနဲ့ချစ်စရာလဲတော်တော်ကောင်းသည်။ရွဲနဲ့သူမကတော့တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်စိတ်ထဲကနေချီးမွမ်းခန်းဖွင့်နေကြသည်။
သိမ့်လက်ထဲကဖုန်းလေးမြည်လာသည်မို့ကြည့်လိုက်တော့
ရောင်ဇဉ့်စီကဖြစ်နေသည်။"Hello ရောင်ဇဉ်"
"သိမ့်နင်မလာသေးဘူးလား
ငါနင့်အခန်းကိုလဲရောက်ခဲ့ပြီနင်မရှိဘူးဘယ်သွားနေတာလဲ""ပါတီလုပ်တဲ့အထပ်မှာပဲ ဒီနားရောက်မှဗိုက်နာလာလို့toiletသွားနေတာ
ငါအခုလာပြီ နင်အဲ့ရှေ့ကစောင့်နေ""အေးပါ ငါစောင့်နေတယ်"
ရောင်ဇဉ်စောင့်နေသည်မို့သိမ့်အမြန်လာခဲ့သည်။
စောစောကသိမ့်နဲ့တိုက်မိတဲ့ကောင်မလေးကလဲပါတီပွဲလာတာပဲဖြစ်လိမ့်မည်။"ဟဲ့ မိသိမ့် နင်ကလဲကြာလိုက်တာ"
"Sorryပါရောင်ဇဉ်ရယ် ငါနောက်ကျသွားတယ်"
"လာအထဲဝင်ကြမယ်"
"နေအုံးဒီတိုင်းဝင်သွားလို့ဖြစ်ပါ့မလား
စက်ကင့ါကိုမြင်သွားရင်နင်ကြိုးစားထားတာတွေအလဟသဖြစ်သွားလိမ့်မယ်"