*သခင့်ရဲ့ကျေးကျွန်*
နှစ်ယောက်အတူ မျက်နှာချင်းဆိုင်ထိုင်ကာ
ညနေစာစားနေကြပေမဲ့ ရွဲကတော့ထမင်းပန်းကန်ထဲခေါင်းဝင်မတက်ပင်။
ညနေက ကြည်နူးနေချိန်လူမိသွားတာမို့ ရွဲလေးကရှက်နေသည်။
ရှေ့မှာထိုင်နေတဲ့ စက်ကိုမော့လိုပင်မကြည့်။"ရွဲ"
"ရှန်"
"ကိုယ့်ထဲဟင်းထည့်ပေးအုံးလေ"
"ထည့်စားလေဦးစက်ကလဲ
မှီရဲ့သားနဲ့""ရွဲထည့်ပေးတာစားချင်လို့လေ"
"ဦးစက်နော် အရင်ကတော့ ထမင်းစားတဲ့အချိန်
ရွဲရှိနေတာတောင်မကြိုက်ဘဲနဲ့""ရွဲရယ် အဲ့ဒါတွေပြန်မပြောပါနဲ့လား
ကိုယ်ရွဲကိုအရမ်းအားနာရလို့""ရွဲက စတာပါ
စိတ်မကောင်းမဖြစ်နဲ့နော် ဦးစက် ရွဲဟင်းတွေထည့်ပေးမယ်"ရွဲနေရာကထလိုက်ပြီး ဦးစက်ဘက်သွားကာ
ဟင်းတွေတစ်ခုပြီးတစ်ခုထည့်ပေးလိုက်သည်။"ဦးစက် အများကြီးစားနော်
ဦးစက်ကိုစားစေချင်လို့ ညနေစာရွဲကိုယ်တိုင်ချက်ထားတာ""သိပါတယ်ဗျာ ရွဲလေးကိုယ့်ကိုအရမ်းချစ်တယ်ဆိုတာ ဒါနဲ့ဒေါ်ကြီးကို မနေ့ထဲကမတွေ့ဘူး
ဘယ်သွားတာလဲ""ပြန်သွားပြီဦးစက်ရဲ့
ဒေါ်ကြီးကအသက်ကြီးနေပြီလေ
နောက်မှ အိမ်အကူထပ်ရှာရမလားလို့""မရှာပါနဲ့လား
အိမ်မှာလူတွေများရင် ရွဲရှက်နေလိမ့်မယ်""လူများတာနဲ့ရှက်တာ ဘာဆိုင်လို့လဲဦးစက်ရဲ့"
"ဆိုင်တယ်လေ ဒီလိုမျိုးတွေဆို
လူတွေရှိရင်မကောင်းဘူး"မတ်တပ်လေးရပ်နေသည့်ရွဲကိုလက်ဆွဲလိုက်တော့ စက်ပေါင်ပေါ်ကွက်တိကျလာသည်။
"အမလေး…… ဦးစက်"
ရွဲအမြန်ထဖို့ပြင်ပေမဲ့ ခါးကိုအပိုင်စီးထားသည့်ဦးစက်လက်တွေကြောင့် ထလို့မရတော့။
"ဒါမျိုးကိုပြောတာ
လူတွေရှိရင် ကလေးကရှက်နေမှာလေ""ဟာ ဦးစက်ကလဲ
ဖယ်တော့ ရွဲထမင်းစားနေတုန်းရှိသေး"